La-liga News

စံချိန်ဆက်ထိန်းနိုင်မည့်နဗီးလ်

Feb 22 , 2016

လာလီဂါတွင်နိုင်ပွဲဆက်ရခဲ့ပြီးနောက် ဗလင်စီယာနည်းပြ နဗီးလ်က ထိုကစားပုံမျိုးကိုဆက်ထိန်းသွားနိုင်ရန် ကြိုးစားသွားမည်ဟုပြောဆိုလိုက် သည်။

ဗလင်စီယာအသင်းမှာ ယမန်နေ့က အဆင့်၂၀မှ ဂရာနာဒါနှင့်အဝေးကွင်းပွဲစဉ်တွင် ၁း၂ ဖြင့်အနိုင်ရခဲ့ပြိး ယူရိုပါလိဂ်အပါအ၀င် နောက်ဆုံး ၃ ပွဲဆက်တိုက်အနိုင်ရလာခြင်းဖြစ်သည်။

ဂရာနာဒါနှင့်ပွဲစဉ်တွင် ၅၅ မိနစ်နှင့်မိနစ်၉၀ တို့တွင်ဦးဆောင်ဂိုးများသွင်းယူခဲ့ပြိး နာကျင်အချိန်ပို ၃ မိနစ်တွင်မှ ဂရာနာဒါက နှစ်သိမ့်ချေပဂိုး ရရှိခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ လာလီဂါတွင် ၂ ပွဲဆက်တိုက်အနိုင်ရခဲ့ခြင်းမှာ လွန်ခဲ့သောနိုဝင်ဘာလနောက်ပိုင်းတွင် ပထမဆုံးဖြစ်ပြီး နဗီးလ်အတွက် ဖိအားများ စွာလျော့နည်းသွားစေခြင်းလည်းဖြစ်သည်။

ဗလင်စီယာအသင်းမှာ လာမည့်ကြာသပတေးနေ့တွင် သြစတြီးယားသို့သွား၍ ယူရိုပါလိဂ်ဒုတိယအကျော့ကစားရမည်ဖြစ်ပြီး တနင်္ဂနွေနေ့တွင် အဆင့် ၈ မှ ဘီလ်ဘာအိုနှင့် အိမ်ကွင်းပွဲကစားရ မည်ဖြစ်သည်။

U Myo Thant




<< Back La-liga News


Advertisement
Here