Other World Cup Football News

တရုတ်လိဂ်ရောက်သောကာဟေးလ်

Feb 22 , 2016

သြစတြေးလျသားတိုက်စစ်မှုးကာဟေးလ်မှာ တရုတ်စူပါလိဂ်ကလပ်ဟွန်ဇူးနှင့် ကာလတိုစာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရသည်။

အသက် ၃၆ နှစ်ရှိပြီဖြစ်သောကာဟေးလ်မှာ တရုတ်စူပါလိဂ်ကလပ် ရှန်ဟိုင်းရှန်ဟွာနှင့် လွန်ခဲ့သောအပတ်ကမှ လမ်းခွဲခဲ့သူဖြစ်ပြီး ယခု စာချုပ်ကြောင့် တရုတ်လိဂ်တွင်ပင် ဆက်ရှိနေဦးမည်ဖြစ်သည်။

ကာဟေးလ်မှာ အသင်းသစ်တွင်သြစတြေးလျအသင်းဖော် စပီရင်နိုဗစ်နှင့်ဆုံရမည်ဖြစ်ပြီး ၎င်းမှာ ၂၀၁၅ တွင် ၀က်စတန်းဆစ်ဒနီမှရောက်ရှိနေ ခဲ့သူဖြစ်သည်။

ဟွန်ဇူးကလပ်၏တရားဝင်ကြေညာချက်တွင် မိမိတို့အနေနှင့် ၆ လစာချုပ်ချုပ်ဆိုနိုင်ခဲ့သော ကာဟေးလ်ကိုကြိုဆိုပါကြောင်း ဖော်ပြထားခဲ့သည်။

ကာဟေးလ်မှာ ရှန်ဟိုင်းအသင်းတွင် ကစားစဉ်က ၂၈ ပွဲတွင် ၁၁ ဂိုးသွင်းနိုင်ခဲ့သူဖြစ်သည်။

ဟွန်ဇူးမှာ လွန်ခဲ့သောရာသီက စူပါလိဂ်တွင် အဆင့် ၁၁ သာရခဲ့ပြီး နည်းပြမှာ တောင်ကိုးရီးယားသား ဟွန်မြောင်ဘိုဖြစ်သည်။

U Myo Thant




<< Back Other World Cup Football News


Advertisement
Here