FA Cup News

အရေးယူခံရမည့်ပရိသတ်

Feb 22 , 2016

မန်စီးတီးကစားသမားများကို အကြွေစေ့များဖြင့်ပစ်ပေါက်ခဲ့သောပရိသတ်များကို ချဲလ်ဆီးကတစ်သက်တာကွင်းဝင်ခွင့်ပိတ်ပင်ရန် စီစဉ်လျက် ရှိသည်။

ယမန်နေ့က စတန်းဖို့ဒ်ဘရစ်ခ်ျတွင် ကစားခဲ့သောပွဲစဉ်တွင် ပရိသတ်အချို့က ပြိုင်ဘက်မန်စီးတီးကစားသမားများကို အကြွေစေ့များဖြင့် ပစ်ပေါက်ခဲ့ကြပြီး ပထမပိုင်းတွင် ချေပဂိုးသွင်းနိုင်ခဲ့၍ အောင်ပွဲခံနေ သောမန်စီးတီးတိုက်စစ်မှုး ဖော်ပါလာနှင့်အသင်းဖော်များကို ပစ်ပေါက် ခဲ့ခြင်းဖြစ်ကာ ယင်းအဖြစ်အပျက်ကို ကွင်းလယ်ဒိုင်မာရီနာကလည်း တွေ့မြင်ခဲ့သည်။

ချဲလ်ဆီးအသင်းပြောရေးဆိုခွင့်ရှိသူက ထိုကိစ္စမှာ အန္တရာယ်ရှိသောအပြုအမှုဖြစ်ပြီး ပြစ်မှုကြောင်းအရ အရေးယူခံရနိုင်ကြောင်းနှင့် တရားခံ များကို ရှာဖွေဖော်ထုတ်ရာတွင် ပါဝင်ကူညီသွားမည်ဟု ပြောဆိုခဲ့သည်။

ထိုပွဲမတိုင်မီ စနေနေ့က ရီးဒင်းနှင့်ဝက်စ်ဘရွန်းပွဲတွင်လည်း ၀က်စ်ဘရွန်းမှ ခရစ်ဘရန့်မှာအကြွေစေ့ဖြင့် ပစ်ပေါက်ခဲ့ခြင်းခံခဲ့ရသေးသည်။

U Myo Thant




<< Back FA Cup News


Advertisement
Here