FA Cup News

ရှုံးရင်ထွက်ရမယ့်ဗန်ဂေါလ်

Feb 22 , 2016

ပရီးမီးယားလိဂ်နှင့်ယူရိုပါလိဂ်တို့တွင် ရှုံးပွဲများဆက်ခဲ့ပြီးနောက် ယနေ့ညကစားရမည့် FA ဖလားပွဲတွင် ရှုံးပွဲတွေ့ခဲ့ပါက မန်ယူနည်းပြ ဗန်ဂေါလ်မှာအထုတ်ခံရတော့မည်ဟု သတင်းများကဖော်ပြခဲ့ကြသည်။

မန်ယူအသင်းမှာ ၁၃ ရက်နေ့က အဝေးကွင်းတွင်ဆန်းဒါးလန်းကို၎င်း၊ ၁၉ ရက်နေ့က အဝေးကွင်းတွင်ဒိန်းမတ်ကလပ် မစ်ဂျေးလန်းကို၎င်း ၂း၁ဖြင့်ရှုံးခဲ့ရပြီး ယနေ့ညတွင် အဝေးကွင်းပွဲအဖြစ်နှင့်ပင် လိဂ်ဝမ်း အဆင့် ၂၁ မှ ရှရီဘူရီနှင့်  FA ဖလားပွဲကစားရမည်ဖြစ်သည်။

မန်ယူအသင်းအနေနှင့် ယခုပွဲတွင်ပရီးမီးယားလိဂ်အသင်းမဟုတ် သကဲ့သို့ ချန်ပီယံရှစ်အသင်းများထက်ပင် တစ်ဆင့်နိမ့်သေးသော လိဂ်ဝမ်း မှတန်းဆင်းဇုံရောက် ရှရီဘူရီကိုသာ အနိုင်မရခဲ့ပါက ပရိသတ် များနှင့်ဒါရိုက်တာများ၏သည်းခံနိုင်မှုအဆုံးသတ်သွားမည်ဖြစ်ပြီး ဒုဥက္ကဋ္ဌ ၀ုဝဒ်အနေနှင့်လည်း မည်သို့မျှမတတ်သာတော့ပဲ ဗန်ဂေါလ်ကိုထုတ်ပယ်ရမည့်အခြေအနေသို့ ဆိုက်ရောက်သွားစေလိမ့်မည် ဖြစ်သည်။

ဗန်ဂေါလ်အနေနှင့်လည်း ယခုပွဲ၏ရလဒ်မှာ မန်ယူအသင်းအနေအထားနှင့် မိမိ၏ရာထူးနေရာတို့အတွက်များစွာအရေးပါနေသည်ကို သိရှိ ထားပြီးဖြစ်သည်။

ယခုပွဲပြီးလျင် ၂၅ ရက်နေ့၌ မစ်ဂျေးလန်း၊ ၂၈ ရက်နေ့၌ အာဆင်နယ်၊ ၃ ရက်နေ့၌ ၀တ်ဖို့ဒ်တို့နှင့် အိမ်ကွင်းပွဲ ၃ ပွဲဆက်တိုက်ကစားရ မည်ဖြစ်သည်။

U Myo Thant

<< Back FA Cup News


Advertisement
Here