AFC Cup News

ရန်ကုန်နှင့်ဧရာဝတီပါဝင်မည့်AFC Cup

Feb 23 , 2016

အာရှဘောလုံးအဖွဲ့ချုပ်ကကြီးမှုးကျင်းပလျက်ရှိသည့် ၂၀၁၆ AFC Cup ပြိုင်ပွဲအုပ်စုပွဲစဉ်များကို ဖေဖော်ဝါရီ ၂၄ ရက်မှ စတင်ကာကျင်းပတော့ မည်ဖြစ်ပြီး မြန်မာကိုယ်စားပြုကလပ်အသင်းများအဖြစ် ရန်ကုန်အသင်းနှင့်ဧရာဝတီအသင်းတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။

၂၀၁၆ AFC Cup ပြိုင်ပွဲကို အသင်း၃၂ သင်းဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး လေးသင်းရှစ်အုပ်စုခွဲကာ အိမ်ကွင်း၊အဝေးကွင်းပုံစံဖြင့် ကျင်းပ မည်ဖြစ်သည်။

အုပ်စုခွဲဝေထားမှုအရ ရန်ကုန်အသင်းမှာ အုပ်စု(G)တွင် တောင်တရုတ်(ဟောင်ကောင်)၊မိုဟမ်ဘေဂန်(အိန္ဒိယ)၊မာဇီယာ(မော်လ်ဒိုက်)၊ ဧရာဝတီအသင်းမှာ ဂျိုဟိုဒါရူးလ်(မလေးရှား)၊ဘင်ဂါလူရူး(အိန္ဒိယ)၊ လာအိုတိုယိုတာ(လာအို)တို့နှင့် တစ်အုပ်စုတည်းကျရောက်လျက်ရှိသည်။

ပွဲဦးထွက်ပွဲကို ဖေဖော်ဝါရီ ၂၄ ရက်တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ရန်ကုန်အသင်းမှာ အိမ်ကွင်းဖြစ်သည့်သုဝဏ္ဏကွင်း၌ ဟောင်ကောင် ကလပ် တရုတ်အသင်းနှင့်လည်းကောင်း၊ ဧရာဝတီအသင်းမှာ မလေးရှားကလပ် ဂျိုဟိုဒါရူးလ်အသင်းနှင့် မလေးရှားနိုင်ငံတွင်လည်းကောင်း ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

U Myo Thant




<< Back AFC Cup News


Advertisement
Here