FA Cup News

ပွဲကျပ်ဦးမည့်အာဆင်နယ်

Feb 24 , 2016

အာဆင်နယ်အသင်းမှာ FA ဖလားပွဲကိုပြန်ကန်ရဦးမည်ဖြစ်သည့်အတွက် လာမည့်မတ်လဆန်းတွင် ၄၈ နာရီအတွင်း ၂ ပွဲကစားရ လိမ့်မည်ဖြစ်သည်။

လွန်ခဲ့သော စနေနေ့က အိမ်ကွင်းတွင် ဟောလ်စီးတီးကိုလက်ခံကစားခဲ့ရသည့် FA ဖလားပဉ္စမဆင့်ပွဲစဉ်တွင် ဂိုးမရှိသရေကျခဲ့သည့် အာဆင်နယ်မှာ ပြန်ကန်ပွဲစဉ်ကို မတ်လ ၇ ရက်နေ့တွင် ကစားရမည် ဖြစ်သည်။

မူလသတ်မှတ်ထားသည့်ပွဲစဉ်ဇယားအရ အာဆင်နယ်မှာ ပရီးမီးယားလိဂ်အမှတ်တူပြိုင်ဘက်ဖြစ်သည့် စပါးနှင့်မတ်လ ၅ ရက်နေ့တွင် ကစားကာ ဟောလ်စီးတီးနှင့်မတ်လ ၇ ရက်နေ့၌ကစားရမည်ဖြစ်သည်။

ထို၂ ပွဲလုံးကို အဝေးကွင်းတွင် ကစားရမည့်အာဆင်နယ်အတွက် မတ်လ ၇ ရက်အစား မတ်လ ၈ ရက်(သို့မဟုတ်)၉ရက်သို့ ရွှေ့ပေး ရန်တောင်းဆိုရေးစီစဉ်နေသည်ဟုလည်းဆိုသည်။

UEFA စည်းမျဉ်းအရ ချန်ပီယံလိဂ်ပွဲစဉ်ရှိသောညများတွင် အခြားလိဂ်ပွဲများမကစားရဟု သတ်မှတ်ထားပြီး မတ်လ ၈ ရက်ညတွင် ချန်ပီယံလိဂ်ပွဲ ၂ ပွဲရှိနေသော်လည်း လွန်ခဲ့သော ဗုဒ္ဓဟူးညက ချန်ပီယံလိဂ်ပွဲရှိနေသည့်ကြားမှ ဘာစီလိုနာမှာ စပို့တင်းဂီဂျွန်းနှင့် လာလီဂါ ပွဲကစားသွားသဖြင့် ထိုအချက်ကိုအကြောင်းပြကာ အာဆင်နယ်က ရက်ရွှေ့ရေးတောင်းမည်ဟုလည်းဆိုသည်။

ဟောလ်စီးတီးမှာ အာဆင်နယ်နှင့်ပြန်ကန်ပွဲစဉ်ကြောင့် မတ်လ ၈ ရက် ဘရန့်ဖို့ဒ်နှင့်ပွဲစဉ်ကိုဖျက်သိမ်းထားပြီးဖြစ်သည်။

U Myo Thant

<< Back FA Cup News


Advertisement
Here