Serie-A News

အင်တာမှာဆက်နေမယ့်နာဂါတိုမို

Feb 24 , 2016

၂၉ နှစ်သား ဂျပန်ကစားသမား နာဂါတိုမိုက သူသည် အင်တာတွင်သာဆက်ကစားဦးမည်ဖြစ်ကြောင်း ပြောဆိုလိုက်သည်။

ထိုကစားသမားမှာ လွန်ခဲ့သောဇန်န၀ါရီ အပြောင်းအရွှေ့တွင် ပရီးမီးယားလိဂ်ကလပ်များ၏ စိတ်ဝင်စားခြင်းကိုခံခဲ့ရပြီး မန်ယူ၏ကမ်းလှမ်းမှုကို ပယ်ချခဲ့ကာ လီဗာပူးထံမှ ဆက်သွယ်မှုကိုလည်းရခဲ့သေး ကြောင်းသိရပြီး ထိုကစားသမားက အင်တာတွင်သာဆက်နေရန် ဆုံးဖြတ်ခဲ့ကြောင်း သူ၏အေးဂျင့်ပက်စတိုရယ်လီက ပြောဆိုခဲ့သည်။

အေးဂျင့်က အင်္ဂလန်ကလပ်တွေဆီက စိတ်ဝင်တစားကမ်းလှမ်းမှုတွေရှိခဲ့ပေမယ့် သူက အင်တာမှာပဲ ဆက်နေမယ်လို့ပြောခဲ့ပါတယ်။ဒါဟာ သူ့ ဆုံးဖြတ်ချက်ပါပဲဟု ဆိုသည်။

နာဂါတိုမိုမှာ ၂၀၁၁ တွင် FC တိုကျိုမှ အင်တာသို့ရောက်လာသူဖြစ်ပြီး ယခုရာသီတွင် အင်တာအတွက် စီးရီးအေပွဲ ၁၃ ပွဲ ကစားပေးခဲ့ပြီးဖြစ် သည်။

U Myo Thant




<< Back Serie-A News


Advertisement
Here