AFC Cup News

ရန်ကုန်က တရုတ်အသင်းကို အနိုင်ရ

Feb 25 , 2016

၂၀၁၆ AFC Cup ပြိုင်ပွဲအုပ်စု (G) ပထမနေ့ပွဲစဉ်အဖြစ် ရန်ကုန်အသင်းနှင့် တောင်တရုတ်(ဟောင်ကောင်)အသင်းတို့  ယမန်နေ့ညနေပိုင်း တွင် သုဝဏ္ဏကွင်း၌ကျင်းပရာ ရန်ကုန်အသင်းက ၂ဂိုး-၁ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

MNL အမှတ်ပေးချန်ပီယံ ရန်ကုန်အသင်းမှာ အုပ်စုအဖွင့်ပွဲစဉ်တွင် အမှားအယွင်းမရှိနိုင်ပွဲရယူပြီး ပွဲဦးထွက်အမှတ်ပြည့်ရယူနိုင်ခဲ့ သည်။တောင်တရုတ်အသင်း၏ ကစားပုံကောင်းမွန်မှုကြောင့် ရန်ကုန်အသင်းခက်ခက်ခဲခဲကစားခဲ့ရသလို ပယ်နယ်တီတစ်ကြိမ် ၊အနီ ကတ်ဖြင့် တစ်ဦးထုတ်ပယ်ခံခဲ့ရသောကြောင့် အနိုင်သုံးမှတ်ရရှိရန် ရုန်းကန်ခဲ့ရသည်။

ရန်ကုန်အသင်းမှာ နိုင်ငံခြားသားကစားသမားသုံးဦးကိုအမာခံထားကာ ကျော်ကိုကို၊ကြည်လင်း၊ခင်မောင်လွင်တို့ဖြင့် ပွဲထွက်ခဲ့သည်။ ပွဲစကတည်းကနှစ်သင်းစလုံး အပြန်အလှန်ဖိကစားကာ ဂိုးရနိုင်သည့်အခွင့်အရေးများ ရခဲ့သော်လည်းအသုံးမချနိုင်ခဲ့ပေ။၁၅ မိနစ်တွင် ရန်ကုန်အသင်းပယ်နယ်တီပေးခဲ့ရပြီး ရိုင်ယန်ကန်သွင်းရာ ရန်ကုန်ဂိုးသမားကာကွယ်နိုင်ခဲ့သော်လည်း ၎င်းကပင် ထပ်မံပိတ်သွင်းယူ ခဲ့၍ တောင်တရုတ်အသင်းဂိုးစတင်ရရှိခဲ့သည်။တောင်တရုတ်အသင်း၏ ဦးဆောင်မှုမှာအနည်းငယ်ကြာခဲ့ပြီး ၁၉ မိနစ်တွင် ကျော်ကိုကို က ချေပဂိုးပြန်လည်သွင်းယူခဲ့သည်။

ဒုတိယပိုင်းတွင် ရန်ကုန်အသင်းအနိုင်ဂိုးရရန် တိုက်စစ်အားမြှင့်လာခဲ့ပြီး ၄၈ မိနစ်တွင် မာဆယ်လိုက အနိုင်ဂိုးသွင်းယူခဲ့သည်။၅၃ မိနစ်တွင် ရန်ကုန်ကွင်းလယ်လူ ရန်အောင်ကျော် နှစ်ဝါ၊ တစ်နီဖြင့်အထုတ်ခံရ၍ ရန်ကုန်အသင်းတစ်ယောက်လျော့သွားခဲ့ပြီး လက်ကျန်မိနစ်များတွင် အနိုင်ရလဒ်ကို ခက်ခက်ခဲခဲထိန်းချုပ်ခဲ့ရသည်။ရန်ကုန်အသင်းသည် အုပ်စုဒုတိယပွဲစဉ်အဖြစ် မတ် ၉ ရက်တွင် မော်လ်ဒိုက်ကလပ် မာဇီယာ အသင်းနှင့် အဝေးကွင်းပွဲစဉ်ကစားရမည်ဖြစ်သည်။

U Myo Thant

<< Back AFC Cup News


Advertisement
Here