La-liga News

အခွင့်အရေးရှိသေးတယ်ဆိုတဲ့ ကိုကူး

Feb 25 , 2016

အိမ်ကွင်းတွင်အက်သလက်တီကိုနှင့်သရေသာ ကစားနိုင်ခဲ့သော်လည်း မိမိတို့သည် ကွာတားဖိုင်နယ်တက်ရောက်ရေးအတွက်အခွင့် အရေး ရှိသေးကြောင်း PSV နည်းပြကိုကူးက ပြောဆိုလိုက်သည်။

ဟော်လန်လိဂ်ကို ဦးဆောင်နေသော  PSV မှာ အက်သလက်တီကို၏ ခံစစ်ကိုမချိုးဖောက်နိုင်ခဲ့ပဲ ဂိုးသမား ဇိုအက် လက်စွမ်းပြနိုင်၍သာ ဂိုး မပေးခဲ့ရခြင်းဖြစ်သည်။

သို့သော် ကိုကူးအတွက် နစ်နာစရာအဖြစ် ရှေ့တန်းမှ ပီရီယိုမှာ ၆၈ မိနစ်တွင် ၂၀ါ ၁နီဖြင့်ထွက်ခဲ့ရသဖြင့် ဒုတိယအကျော့တွင် ပါဝင်နိုင်တော့မည်မဟုတ်ပေ။

ကိုကူးက ဒီရလဒ်အပေါ်မှာ ကျေနပ်ပါတယ်။၁၀ ယောက်တည်းနဲ့ကစားရတဲ့အချိန်မှာ ကျနော်ကစားသမားတွေ အရမ်းကိုကြိုးစား သွားကြပါတယ်။ပထမပိုင်းမှာ အက်သလက်တီကိုရဲ့ ကောင်တာထိုးစစ်တွေကို ကျနော်တို့ခုခံနိုင်ခဲ့တဲ့အတွက်လည်း ကစားသမားတွေကို ချီးကျူးပါတယ်။လာမယ့် ပွဲမှာတော့ ဂိုးရဖို့ကြိုးစားသွားမှာပါဟု ပြောဆိုသွားခဲ့သည်။

U Myo Thant




<< Back La-liga News


Advertisement
Here