Europe News

ပွဲဦးထွက်မှာ၂ဂိုးသွင်းသူ

Feb 26 , 2016

မစ်ဂျေးလန်းနှင့် ကစားရသောယူရိုပါလိဂ် ဒုတိယအကျော့ ပွဲစဉ်တွင် မန်ယူဘက်မှ ပထမဆုံးဝင်ကစားခွင့်ရခဲ့သော လူငယ်တိုက်စစ်မှုး ရက်စ်ဖို့ဒ်မှာ ၂ဂိုးသွင်းယူနိုင်ခဲ့သည်။

ပထမအကျော့ အဝေးကွင်းပွဲစဉ်တွင်မန်ယူမှာ ၂း၁ဖြင့် ရှုံးထားခဲ့သဖြင့် ယခုဒုတိယအကျော့ပွဲတွင် ဖိအားရှိနေခဲ့သကဲ့သို့ တိုက်စစ်တွင်လည်း ရွန်းနီ၊ မာရှယ်တို့မပါနိုင်သေးသောကြောင့် စိုးရိမ်စရာဖြစ်ခဲ့ရသည်။

ယခုဒုတိယအကျော့ပွဲတွင် မစ်ဂျေးလန်းက ဦးဆောင်ဂိုးသွင်းခဲ့ကာ ကိုယ့်ဂိုးကိုယ်သွင်းမိပြန်သဖြင့် ပထမပိုင်းတွင် ၁း၁ ရလဒ်ဖြစ်နေခဲ့သည်။

မာတာမှာ ၄၃ မိနစ်တွင်ရခဲ့သော ပင်နယ်တီကို လွဲချော်ခဲ့သေးသဖြင့် မန်ယူပရိသတ်များ မချင့်မရဲဖြစ်ခဲ့ရသည်။

ဒုတိယပိုင်း ၆၃ မိနစ်တွင် ယခုပွဲတွင်းမှမန်ယူအသင်းကြီးကစားသမားအဖြစ်စတင်ပါဝင်ခဲ့ရသူ ရက်စ်ဖို့ဒ်က ဦးဆောင်ဂိုးသွင်းခဲ့ပြီး ၇၅မိနစ် တွင် နောက်တစ်ဂိုးထပ်မံရရှိခဲ့သည်။

ယင်းနောက် ဟာရားရားက ၈၇ မိနစ်တွင် ပင်နယ်တီမှတစ်ဆင့် ၎င်း ၊ ဒီပေးက မိနစ် ၉၀ တွင် ၎င်း တစ်ဂိုးစီ သွင်းနိုင်ခဲ့သဖြင့် မန်ယူက နှစ်ကျော့ပေါင်း ၆း၃ ဖြင့် နောက်တစ်ဆင့် တက်ခဲ့ပြီဖြစ်သည်။

အသက် ၁၈ နှစ်သာရှိသေးသော ရက်စ်ဖို့ဒ်မှာ မန်ချက်စတာ မြို့သားတစ်ဦးဖြစ်ပြီး ယခင်က မန်ယူ ယူ -၁၈ နှင့် ယူ - ၂၁ အသင်းများ တွင်သာ ကစားနေခဲ့ရသူဖြစ်သည်။

U Myo Thant




<< Back Europe News


Advertisement
Here