Europe News

ဖီဖာဥက္ကဋ္ဌသစ် အင်ဖန်တီနို

Feb 27 , 2016

ဘလတ္တာ၏နေရာကိုဆက်ခံမည့် ဖီဖာဥက္ကဋ္ဌသစ် ရွေးချယ်ပွဲတွင် UEFA အထွေထွေအတွင်းရေးမှုး အင်ဖန်တီနို ရွေးချယ်ခံခဲ့ရပြီဖြစ်သည်။

သူသည် မဲစုစုပေါင်း ၁၁၅မဲရခဲ့ကာ AFCဥက္ကဋ္ဌ အယ်လ်ခါလီဖာထက် ၂၇မဲပိုရကာ ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။

အဆိုပါရွေးချယ်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ရန် ၅ဦး စာရင်းပေးခဲံသော်လည်း တောင်အာဖရိကမှ ဆက်စ်ဝဲလ်မှာ မဲပေးပွဲမစတင်မီနှုတ် ထွက်ခဲ့သဖြင့် ၄ဦးသာဆက်လက်ယှဉ်ပြိုင်ခဲ့ကြသည်။

ပထမအဆင့်မဲပေးမှုတွင် အင်ဖန်တီနိုကအယ်လ်ခါလီဖာထက် ၃မဲအသာ ၈၈မဲရခဲ့သော်လည်းသတ်မှတ်ထား သည့် ပြတ်သားသောအဖြေမဟုတ်ခဲ့သဖြင့် ဒုတိယအဆင့်ထပ်မံမဲပေးခဲ့ကြရသည်။

မဲပေးမှုသတ်မှတ်ထားသည့်မှာ စုစုပေါင်းမဲပေးခွင့်ရှိသူ ၂၀၇မဲအနက် ၅၀%ကျော် (၁၀၄ မဲ) အနည်းဆုံးရသူကိုရွေးချယ်ရခြင်းဖြစ်သည်။

ဒုတိယအကျော့တွင် အင်ဖန်တီနိုက ၁၁၅မဲ ၊ အယ်လ်ခါလီဖာက  ၈၈မဲ ၊ မင်းသားအလီက ၄မဲ နှင့် ကမ်ပိန်းက သုညမဲ ရရှိခဲ့ကြသည်။

ဖီဖာ၏ ၉ဦးမြောက် ဥက္ကဋ္ဌဖြစ်လာသောအင်ဖန်တီနိုမှာ ဥက္ကဋ္ဌဟောင်း ဘလတ္တာကဲ့သို့ပင် ဆွစ်ဇာလန်နိုင်ငံသားတစ်ဦးဖြစ်ပြီး UEFA တွင် ၂၀၀၀ ပြည့်နှစ်မှစ၍အလုပ်ဝင်ခဲ့သူဖြစ်ကာ ၂၀၀၉တွင် အထွေထွေအတွင်းရေးမှုးဖြစ်လာသူဖြစ်သည်။

U Myo Thant




<< Back Europe News


Advertisement
Here