Europe News

ဥက္ကဋ္ဌသစ်ကို ဘလတ္တာထောက်ခံ

Feb 27 , 2016

ဖီဖာဥက္ကဋ္ဌသစ်အဖြစ်အင်ဖန်တီနိုရွေးချယ်ခံခဲ့ရသည့်အပေါ် မိမိဝမ်းမြောက်ကြောင်းနှင့် သူအရွေးခံရလိမ့်မည်ဟု ကြိုတင်တွေးထားကြောင်း ဘလတ္တာကပြောဆိုလိုက်သည်။

အင်ဖန်တီနိုမှာ ၀င်ရောက်အရွေးချယ်ခံသော ၄ ဦးထဲတွင် ဒုတိယအဆင့်၌ သတ်မှတ်မဲ ၅၀ %ကျော်ရခဲ့ပြီးနောက် ဥက္ကဋ္ဌသစ် အဖြစ်ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။

ဥက္ကဋ္ဌဟောင်းဘလတ္တာက သူအရွေးခံရမယ်လို့ကျနော်ကြိုတွေးခဲ့ပြီးသားပါ ၊၊ သူ့အနေ နဲ့ ဖီဖာမှာ လိုအပ်နေတဲ့ပြင်ဆင်ပြောင်းလဲရေးတွေကိုလုပ်သွားနိုင်မယ်လို့လည်းယုံကြည်ပါတယ်ရွေးချယ်ခဲ့တာလို့ ဆိုချင်ပါတယ် ဟုပြောဆိုသွားခဲ့သည်။

အသက် ၄၅နှစ် ရှိပြီဖြစ်သော အင်ဖန်တီနိုမှာ ၇၉နှစ်အရွယ် ဘလတ္တာနှင့်အတူ ဆွစ်ဇာလန် နိုင်ငံသားတစ်ဦးပင်ဖြစ်ပြီး ၂၀၀၉မှစ၍ ဥရောပဘောလုံးအဖွဲ့ချုပ်အထွေထွေအတွင်းရေးမှုးတာဝန်ကို ထမ်းဆောင်နေခဲ့သူဖြစ်သည်။

U Myo Thant




<< Back Europe News


Advertisement
Here