La-liga News

ရီးလ်ရဲနှင့်စံချိန်တူ ဘာကာ

Feb 29 , 2016

ဘာစီလိုနာအသင်းမှာ ဆီဗီးလားနှင့် ပွဲစဉ်တွင် ၂း၁ဖြင့် အနိုင်ရခဲ့ပြီးနောက် ရီးလ်ရဲအသင်းတင်ထားခဲ့ဘူးသော ၃၄ ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန်ကို လိုက်မီခဲ့ခြင်းဖြစ်သည်။

ရီးလ်ရဲအသင်းမှာ ၁၉၈၈-၈၉ ရာသီတွင်၃၄ ပွဲဆက်တိုက်ရှုံးပွဲမရှိစံချိန်တင်ထားခဲ့ခြင်းဖြစ်သည်။

ယခုပွဲစဉ်တွင် ဘာစီလိုနာဘက်မှ မက်ဆီနှင့် ပီကေး ၊ ဆီဗီးလားမှ ဗီတိုလိုတို့ဂိုးများသွင်းနိုင်ခဲ့ပြီး မက်ဆီမှာ ဘာစီလိုနာအတွက် ယခုရာသီ ဂိုး၃၀ မြောက် ဂိုးကိုသွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

ယခုနိုင်ပွဲကြောင့် ဘာစီလိုနာမှာဒုတိယနေရာမှ အက်သလက်တီကိုထက် ၈မှတ်အသာဖြင့်အမှတ်ပေးဇယားကို ဦးဆောင်နေပြီဖြစ်သည်။

ယခုပွဲတွင်ရှုံးခဲ့သော ဆီဗီးလားမှ ဘာစီလိုနာကို နောက်ဆုံးနိုင်ခဲ့သည့်အသင်းပင်ဖြစ်ပြီး လွန်ခဲ့သော အောက်တိုဘာလက အိမ်ကွင်းတွင် ၂း၁ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။

ဘာစီလိုနာအသင်းမှာ လာမည့် ဗုဒ္ဒဟူးညတွင် ဗယ်လီကာနိုနှင့် အဝေးကွင်းပွဲကစားရမည်ဖြစ်ပြီး ထိုပွဲတွင် အနည်းဆုံးသရေကျခဲ့ပါက ရီးလ်ရဲ၏ ၃၄ ပွဲစံချိန်ကို ၃၅ ပွဲဖြင့် ကျော်တက်သွားမည်ဖြစ်သည်။

U Myo Thant




<< Back La-liga News


Advertisement
Here