Bundesliga News

ရှုံးပွဲတွေ့သော ဘိုင်ယန်

Mar 03 , 2016

ဘွန်ဒစ်လီဂါထိပ်တန်းအသင်းဖြစ်သော ဘိုင်ယန်မှာ ၃ လအတွင်း ပထမဆုံးရှုံးပွဲကို အိမ်ကွင်းတွင်ကြုံတွေ့ခဲ့ရပြီးဖြစ်သည်။

ပရိသတ် ၇၅၀၀၀ လာရောက်အားပေးခဲ့သော ထိုပွဲတွင်ဧည့်သည့် မင့်ဇ်အသင်းက ၂၆ မိနစ်တွင် ဂိုးစသွင်းကာ ဦးဆောင်နေခဲ့ပြီး ၆၄ မိနစ်တွင် ဘိုင်ယန်မှ ရော်ဘင်က ချေပဂိုးသွင်းခဲ့သော်လည်း ၈၆ မိနစ်တွင် ကော်ဒိုးဘားက မင့်ဇ်အတွက် ၃မှတ်တန်ဂိုး သွင်းယူသွားခဲ့ခြင်းဖြစ်သည်။

မိုချင်ကလပ်ဘက်နှင့် ဒီဇင်ဘာ ၅ ရက်နေ့က ကစားခဲ့သော ပွဲအပြီးမှစ၍ ရှုံးပွဲမရှိခဲ့သေသော ဘိုင်ယန်မှာ ယခုပွဲတွင်မမျှော်လင့်ပဲ ရှုံး ပွဲတွေ့ခဲ့သဖြင့် ဒုတိယနေရာမှ ဒေါ့မွန်နှင့် ၅မှတ်သာကွာဟသောအနေအထားသို့ရောက်ရှိသွားခဲ့ကာ ဒေါ့မွန်နှင့်ဘိုင်ယန်မှာလာမည့် စနေနေ့တွင် ဒေါ့မွန်ကွင်း၌ တွေ့ရမည်ဖြစ်၍ အမှတ်ကွာဟမှုအပြောင်းအလဲထပ်ဖြစ်နိုင်သေးသည့်အနေအထားဖြစ်သည်။

မင့်ဇ်အသင်းမှာ ဘိုင်ယန်ကိုအနိုင်ရခဲ့သဖြင့် အဆင့် (၅)သို့တက်လာနိုင်ခဲ့သည်။

 

U Myo Thant




<< Back Bundesliga News


Advertisement
Here