Bundesliga News

ပယ်လီဂရီနီကို ဇင်းနစ်ကမ်းလှမ်း

Mar 04 , 2016

လာမည့်ရာသီတွင် ဂွာဒီယိုလာ နှင့်အစားထိုးခံရတော့မည့် မန်စီးတီးနည်းပြ ပယ်လီဂရီနီကို ရုရှကလပ်ဇင်းနစ်က ကမ်းလှမ်းထားကြောင်း သိရသည်။

မန်စီးတီးအသင်းမှာ ရာသီမကုန်မီမှာပင် လက်ရှိဘိုင်ယန်နည်းပြ ဂွာဒီယိုလာကိုလာမည့် ရာသီခေါ်ယူရန်ကြိုတင်သဘောတူထားခြင်းဖြစ်ပြီး ပယ်လီဂရီနီမှာမူ အင်္ဂလန်တွင်သာဆက်နေလိုကာ ချဲလ်ဆီးနည်းပြနေရာကို ရယူလိုသူဖြစ်သည်။

သို့သော်ချဲလ်ဆီးနည်းပြနေရာမှာ အီတလီလက်ရွေးစင်အသင်းနည်းပြကွန်တီရောက်လာမည့်ဟု သတင်းထွက်နေသောကြောင့်  ပယ်လီဂရီနီအတွက် ရေရာမှုမရှိသေးသဖြင့် တစ်ရာသီစာယူရို ၄ သန်းနှင့် ၂နှစ်စာချုပ်ချုပ်ဆိုမည့် ဇင်းနစ်၏ကမ်းလှမ်းမှုကို လက်ခံ စဉ်းစားမည့်ဟု မျှော်လင့်ရသည်။

အသက် ၆၂ နှစ်ရှိပြီဖြစ်သည့် ပယ်လီဂရီနီမှာ ယခုရာသီတွင် အသင်းအတွက် ကယ်ပီတယ်ဝမ်းဖလားကိုရယူပေးထားခဲ့ပြီးဖြစ်ပြီး ပရီးမီးယားလိဂ်တွင်လည်း ချန်ပီယံလိဂ်ဝင်ခွင့်ရမည့် အဆင့် ၄တွင် ရှိနေဆဲဖြစ်သည်။

ပြီးခဲ့သောပွဲစဉ်တွင် လီဗာပူးကို  ၃းဝ ဖြင့်ရှုံးနိမ့်ခဲ့သော မန်စီးတီးမှာ မနက်ဖြန်တွင် ဗီလာကိုအိမ်ကွင်း၌ လက်ခံကစားရမည်ဖြစ်သည်။

 

U Myo Thant




<< Back Bundesliga News


Advertisement
Here