Bundesliga News

ခြေစမ်းဦးမည့် အင်္ဂလန်

Mar 05 , 2016

 အင်္ဂလန်လက်ရွေးစင်အသင်းမှာ ယူရို ၂၀၁၆ အကြိုပြင်ဆင်သည့်အနေနှင့် ခြေစမ်းပွဲ ၃ ပွဲ ကစားမည်ဖြစ်သည်။

နည်းပြဟော့ဆန်ကိုင်တွယ်နေသော အင်္ဂလန်အသင်းမှာ မေလ ၂၂ ရက်နေ့တွင်မန်စီးတီးအိမ်ကွင်း အစ်တီဟတ်၌ တူရကီအသင်းနှင့်၎င်း ၊ မေလ ၂၇ ရက်နေ့တွင် ဆန်းဒါးလန်းအိမ်ကွင်း၌ သြစတြေးလျနှင့်၎င်း ၊ ဇွန်လ ၂ ရက်နေ့တွင် ၀င်ဘလေကွင်း၌ ပေါ်တူကီ အသင်းနှင့် ၎င်း ခြေစမ်းပွဲများကစားမည်ဖြစ်သည်။

တူရကီနှင့်ပွဲမှာ FA ဖလားဖိုင်နယ်ပွဲအပြီး နောက်တစ်ရက်တွင်ဖြစ်ပြီး သြစတြေးလျနှင့်ပွဲမှာ ချန်ပီယံလိဂ်ဖိုင်နယ်ပွဲမတိုင်မီဖြစ်သည်။

တူရကီနှင့် ပေါ်တူကီတို့မှာ အင်္ဂလန်ကဲ့သို့ပင် ယူရို ၂၀၁၆ ခြေစစ်ပွဲအောင်ထားသော အသင်းများဖြစ်ပြီး ပြင်သစ်တွင်ကျင်းပမည့် ယူရို ၂၀၁၆ ပွဲစဉ်များမှာ ဇွန်လ ၁၀ ရက်တွင် စတင်မည်ဖြစ်သည်။

UEFA ၏ စည်းမျဉ်းအရ ပြိုင်ပွဲမတိုင်မီ ခြေစမ်းပွဲကစားရာတွင် တစ်အုပ်စုတည်းမှမဟုတ်သည့် အသင်း ၂သင်း နှင့် ကစားနိုင်ကြောင်းသတ်မှတ်ထားသည်။

U Myo Thant




<< Back Bundesliga News


Advertisement
Here