Bundesliga News

တီရှပ်ဝေမည့် မန်ယူ

Mar 05 , 2016

မန်ယူအသင်းသည့် လာမည့် မတ်လ ၁၀ ရက်နေ့ လီဗာပူးနှင့်ကစားမည့် ယူရိုပါလိဂ် ပထမအကျော့ အဝေးကွင်းပွဲစဉ်တွင် ၃၅ ပေါင်တန် အသင်းတီရှပ်ပေါင်း ၂၃၀၀ ကို ပရိသတ်များအား အခမဲ့ပေးဝေသွားမည်ဟု သိရသည်။

ဥရောပအဆင့်ပွဲစဉ်များတွင် မန်ယူနှင့်လီဗာပူးတို့ လာရောက်တွေ့ဆုံနေခြင်းမှာ ထူးခြားမှုတစ်ခုဖြစ်နေပြီး နှစ်ကျော့ကစားရမည့် ထိုအဆင့်တွင် အနိုင်ရသောအသင်းမှာ ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်မည်ဖြစ်သည်။

လီဗာပူးအသင်းမှာ ကက်ပီတယ်ဝမ်းဖလားပွဲတွင်  ဗိုလ်လုပွဲအဆင့်ထိရောက်ရှိခဲ့သော်လည်း မန်စီးတီးကို အရှုံးပေးခဲ့ရသဖြင့် ဖလားတစ် လုံးရ မည့်အခွင့်အရေးနှင့် လွဲချော်ခဲ့ရသည်။

လီဗာပူးနှင့်မန်ယူတို့မှာ ပရီးမှးယားလိဂ်တွင် ချန်ပီယံဖြစ်ရန်မှာ အလှမ်းဝေးနေသဖြင့်  လီဗာပူးမှာ ယခုပြိုင်ပွဲမှ၎င်း ၊ မန်ယူမှာ ယခုပြိုင်ပွဲနှင့်FA ဖလားပွဲတွင်မှ၎င်း ဖလားတစ်လုံးရယူနိုင်ရန် မျှော်လင့်ချက်ရှိနေကြဆဲဖြစ်သည်။

U Myo Thant




<< Back Bundesliga News


Advertisement
Here