Bundesliga News

၉ပွဲနိုင်ဖို့လိုတယ်ဆိုတဲ့ နည်းပြ

Mar 05 , 2016

အသင်းအနေနှင့်အမှတ်ပေးချန်ပီယံဖြစ်လိုပါက အနည်းဆုံးနိုင်ပွဲ ၉ ပွဲရရန်လိုသည်ဟု မန်စီးတီးနည်းပြ ပယ်လီဂရီနီကပြောဆိုလိုက်သည်။

မန်စီးတီးအသင်းမှာ ပရီးမီးယားလိဂ် နောက်ဆုံး ၃ ပွဲကို ရှုံးထားခဲ့ပြီးဇယားထိပ်မှ လက်စတာနှင့် ၁၀ မှတ်ကွာဟနေကာ ဆက်ကစားရန်မှာ ၁၁ ပွဲသာကျန်တော့သည့် အနေအထားဖြစ်သည်။

ပယ်လီဂရီနီအနေနှင့် စုစုပေါင်း ၇၅ မှတ် ရမည်ဆိုလျှင်    ဗိုလ်စွဲနိုင်မည်ဟု ယူဆနေပြီး ထိုအတိုင်းဆိုပါက မန်စီးတီးမှာ လက်ကျန် ၁၁ ပွဲမှ ၂၈ မှတ်ရမှ ဖြစ်လာနိုင်မည့်သဘောဖြစ်သည်။

ပယ်လီဂရီနီက လက်ရှိမှာတော့ ကျနော်တို့ဟာ အဆိုးဆုံးအချိန်မျိုးကိုဖြတ်သန်းနေသလိုပါပဲ။ ဒါပေမယ့် ကျန်တဲ့ပွဲစဉ်တွေဆီက အနည်းဆုံး ၉ ပွဲကိုနိုင်ခဲ့မယ်ဆိုရင်  ဖလားရနိုင်မှပါ။ ကျနော်တို့ အလျှော့မပေးသေးပါဘူး ။ မကောင်းမြင်တဲ့စိတ်မျိုးမထားဖို့လည်းလိုပါတယ်။ ဘယ်လိုပဲဖြစ်ပါစေ ကျနော်တို့ဟာ နောက်ဆုံးအချိန်ထိကြိုးစားသွားရမှာပါ ဟုပြောဆိုသွားခဲ့သည်။

မန်စီးတီးအသင်းမှာ ဗီလာ ၊ နယူးကာဆယ် ၊ နောဝစ် ၊ မန်ယူ ၊ ဘုန်းမောက် ၊ ၀က်ဘရွန်း ၊ ချဲလ်ဆီး ၊ စတုတ် ၊ ဆောက်သင်တန် ၊ အာဆင် နယ် ၊ ဆွမ်ဆီး အသင်းများနှင့်ကစားရဦးမည်ဖြစ်သည်။

U Myo Thant




<< Back Bundesliga News


Advertisement
Here