Serie-A News

ကြောက်နေကြပြီဆိုတဲ့ ရေနီယာရီ

Mar 05 , 2016

ပရီးမီးယားအသင်းကြီးများအနေနှင့်လက်စတာ၏ခြေစွမ်းပြနေနိုင်မှုအပေါ် ကြောက်ရွံ့နေကြပြီးဖြစ်ကြောင်း နည်းပြရေနီယာရီ ကပြော ဆိုလိုက်သည်။

အီတလီသားရေနီယာရီက အသင်း၏ခြေစွမ်းတည်ငြိမ်မှုနှင့် ရလဒ်များကောင်းမွန်နေခြင်းက အခြားအသင်းကြီးများအပေါ် ရိုက်ခတ် မှုများ ရှိနေကြောင်း မိမိတို့အနေနှင့် လက်ကျန်  ၁၀ ပွဲကို အကောင်းဆုံးဖြစ်အောင်ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ပရီးမီးယားထိပ်တန်း အသင်းကြီး ၅ သင်းဖြစ်သော အာဆင်နယ် ၊ ချဲလ်ဆီး ၊ လီဗာပူး ၊ မန်ယူ ၊ မန်စီးတီးတို့မှ ကိုယ်စားလှယ်များမှာ လွန်ခဲ့သော အဂါင်္နေ့တွင် အမေရိကန်အားကစားဆိုင်ရာ အမှုဆောင် မစ္စတာ စတေလီတာနို နှင့် တွေ့ဆုံခဲ့ပြီး ဥရောပစူပါလိဂ် ပွဲစဉ်ဖြစ်မြောက်ရေးကိစ္စများအတွက် ဆွေးနွေးခဲ့ကြသည်။

ရေနီယာရီက အသင်းကြီးတွေဟာ ၀င်ငွေကောင်းဖို့ အရေးကိုသိပ်အလေးထားကြသလို ချန်ပီယံလိဂ်ဝင်ခွင့်မရမှာကိုလည်း သိပ် စိုးရိမ်နေကြပုံပါပဲ။ဒါပေမယ့် ဒါဟာ အားကစားနည်းတစ်ခုပါ ။ တကယ်လို့ဒီတစ်နှဏ်မှာ ခင်ဗျားအခွင့်အရေးမရခဲ့ရင် မတူကွဲပြား တဲ့နည်းလမ်းမျိုးနဲ့ ပြောင်းလဲပြီးကြိုးစားကြည့်ချင်လာတယ်။ကျနော်အထင်တော့ ဒါဟာနည်းလမ်းမှန်တစ်ခုမဟုတ်သေးပါဘူး။ ဒါဟာခင်ဗျားလွဲမှာကို ကြောက်နေတာ ။ဒါမှမဟုတ် ခွန်အားကြီးမားမှုမရှိတာပဲဖြစ်မှာပါ  ဟုပြောဆိုသွားခဲ့သည်။

လက်စတာအသင်းမှာ ယနေ့တွင်ဝတ်ဖို့ဒ်နှင့်အဝေးကွင်းပွဲကစားရမည်ဖြစ်ပြီး လောလောဆယ်တွင် အနီးဆုံးပြိုင်ဘက်ကို ၃ မှတ်ဖြတ်၍ အမှတ်ပေးဇယားကို ဦးဆောင်နေဆဲဖြစ်သည်။

U Myo Thant




<< Back Serie-A News


Advertisement
Here