Serie-A News

ဒဏ်ရာမှ ပြန်လာတော့မည်

Mar 05 , 2016

မန်ယူကစားသမား ၃ ဦးဖြစ်သော ဖယ်လာနီ ၊ ဖီးလ်ဂျုန်းစ်နှင့် ဗလင်စီယာတို့မှာ ဒဏ်ရာမှသက်သာလာပြီဖြစ်သဖြင့် အရန်အသင်းတွင် ပြန် လည်ကစားကြတော့မည်ဖြစ်သည်။

နည်းပြဗန်ဂေါလ်အနေနှင့် ၎င်းကစားသမား ၃ ဦးကို အသင်းကြီးသို့ချက်ချင်းဝင်ရောက်မကစားစေသေးဘဲ ကစားပုံအသာကျသွားစေရန် အတွက် အရန်အသင်းဖြစ်သော ယူ -၂၁ အသင်းတွင်ပါဝင်ကစားစေခြင်းဖြစ်သည်။

ဗန်ဂေါလ်က ဖယ်လာနီ ၊ ဖီးလ်ဂျုန်းစ်နှင့် ဗလင်စီယာတို့ ပြန်ကစားနိုင်ပါပြီ ၊ ဒါပေမယ့် တကယ်ပြိုင်ပွဲတွေမှာဝင်မကစားခိုင်းသေးပါဘူး ၊ ပွဲဆက်ပြတ်ထားတဲ့အတွက် အရန်အသင်းမှာပဲ ခဏထားပြီးကစားစေမှာပါ ၊၊ ဒဏ်ရာရထားတဲ့အထဲက ကိန်းနှင့် အက်ရှ်လေယန်းတို့  ဟာလည်း သိပ်မကြာခင်သက်သာလာတော့မှာပါ ။ ဒီမတ်လထဲမှာပြန်ကစားနိုင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ် ။ သူတို့တွေကြံ့ခိုင်မှု အနေအထားကိုတော့ သေသေချာချာစောင့်ကြည့်သွားမှာပါဟု ပြောဆိုသွားခဲ့သည်။

မန်ယူအသင်းမှာ ယခုလအတွင်း ပရီးမီးယားပွဲများအပြင် FA ဖလားပွဲနှင့် ယူရိုပါလိဂ်ပွဲစဉ်များ ကစားရဦးမည်ဖြစ်သည်။

 

U Myo Thant




<< Back Serie-A News


Advertisement
Here