La-liga News

ဒေါသထွက်နေတဲ့ မီလန်နည်းပြ

Mar 07 , 2016

ကွင်းလယ်ဒိုင်နှင့်ပတ်သက်၍ မိမိများစွာဒေါသထွက်ရကြောင်း မီလန်နည်းပြ မီဟာလိုဗစ်က ဆက်ဆူအိုလိုကို ၂းဝဖြင့် ရှုံးခဲ့သည့် ပွဲအပြီးတွင်ပြောဆိုလိုက်သည်။

၁၂ ပွဲဆက်တိုက်ရှုံးပွဲမရှိခဲ့သော မီလန်၏စံချိန်မှာ ဆက်ဆူအိုလိုမှ ဒန်ကန်နှင့် ဆန်ဝမ်းတို့၏ ဂိုးများကြောင့် ရပ်တန့်သွားခဲ့ရပြီး ထိုပွဲစဉ်နှင့်ပတ်သက်၍ ဒီရလဒ်ကြောင့်ကျနော်သိပ်ဒေါသထွက်ရပါတယ်။ ဆက်ဆူအိုလို ကစားသွားပုံကောင်းပါတယ် ။ ကျနော် ကျနော်ကစားသမားတွေကို အမြဲပြောနေကျစကားရှိပါတယ်၊၊ဒိုင်ခရာမှုတ်သံမကြားမချင်း အားကြိုးမာန်တက်ကစားနေဖို့ပါပဲ ဟုပြောဆိုသွားခဲ့သည်။

ထိုပွဲတွင် မီဟာလိုဗစ်မှာ ကွင်းဘေးမှနေ၍ ပွဲကြည့်စင်သို့သွားရန် ဒိုင်၏အပြစ်ပေးခြင်းကိုခံခဲ့ရပြီး ယခုရလဒ်ကြောင့် မီလန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရမည့်နေရာနှင့် ၉ မှတ်ကွာဟနေပြီဖြစ်သည်။

 

U Myo Thant




<< Back La-liga News


Advertisement
Here