La-liga News

ဖိအားများနှင့် နဗီးလ်

Mar 07 , 2016

အိမ်ကွင်းတွင် အက်သလက်တီကိုကို ရှုံးနိမ့်ခဲ့ပြန်သဖြင့် ဗလင်စီယာနည်းပြနဗီးလ်မှာ ဖိအားများကိုပြန်လည်ရင်ဆိုင်နေရပြန်ပြီဖြစ်သည်။

အက်သလက်တီကို၏ဦးဆောင်ဂိုးကို ၂၈ မိနစ်တွင်ပြန်လည်ချေပကာ ပထမပိုင်းတွင် ၁ ဂိုးစီသရေကစားနိုင်ခဲ့သော ဗလင်စီယာအသင်းမှာ ဒုတိယအပိုင်းတွင် အက်သလက်တီကိုဘက်မှ လူစားဝင်လာသော တောရက်စ်နှင့် ကာရက်ကိုတို့က အနိုင်ဂိုးများသွင်းသွားခဲ့ခြင်းဖြစ်သည်။

ဗလင်စီယာအသင်းမှ ဆန်းတို့စ်မှာ မိနစ် ၈၀ တွင် ၂ ၀ါ ၁နီဖြင့် ထွက်ခဲ့ရသဖြင့် ဗလင်စီယာအသင်းမှာပိုမို၍ ရုန်းကန်ကစားခဲ့ရသည်။

လာမည့်ကြာသပတေးညတွင် စပိန်ကလပ်ပင်ဖြစ်သော ဘီလ်ဘာအိုနှင့် ယူရိုပါလိဂ် အဝေးကွင်းပွဲကစားရဦးမည့် ဗလင်စီယာ မှာ လောလော ဆယ် လာလီဂါတွင် ၂၈ ပွဲကစား ၃၄မှတ်ဖြင့် အဆင့်(၁၀)နေရာတွင် ရှိနေပြီး လာမည့်ရာသီ ယူရိုပါလိဂ်ဝင်ခွင့်ရမည့်နေရာနှင့် ၁၀မှတ်ကွာဟနေသေးသောကြောင့်  နည်းပြနဗီးလ်အတွက် ခက်ခဲစွာကျော်ဖြတ်ရလိမ့်မည်ဖြစ်သည်။

U Myo Thant




<< Back La-liga News


Advertisement
Here