La-liga News

မာတာကို အပြစ်တင်တဲ့ဗန်ဂေါလ်

Mar 07 , 2016

ယမန်နေ့က ၀က်ဘရွန်းကိုရှုံးခဲ့သည့် ပွဲစဉ်တွင် အထုတ်ခံခဲ့ရသော မာတာကို မန်ယူနည်းပြဗန်ဂေါလ်က ဝေဖန်အပြစ်တင်လိုက်သည်။

မာတာမှာ ပွဲချိန် ၂၃ မိနစ်တွင် အ၀ါကတ် အပြခံခဲ့ရပြီးနောက် ၃ မိနစ်အကြာ၌ နောက်ထပ်အ၀ါကတ် ထပ်အပြခံခဲ့ ရ သဖြင့် နှစ်ဝါတစ်နီနှင့်ထွက်ခဲ့ရခြင်းဖြစ်သည်။

ထိုအ၀ါကတ်များနှင့်ပတ်သက်၍ ဗန်ရေါလ်က ဒုတ်ယအ၀ါကတ်ကို ဘာမှမပြောလိုပေမဲ့ ပထမအ၀ါကတ်အပြခံရတာကတော့ မာတာ ရဲ့ရူးသွပ်မိုက်မဲတဲ့လုပ်ရပ်ကြောင့်ပါ။အ၀ါတစ်ခါထိထားတဲ့သူဟာ ကစားပုံပိုပြီးဂရုစိုက်ရမှာကို မာတာလိုလူမျိုးကမသိပဲနေမလား ၊ ကွင်းလယ်ဒိုင်အနေနဲ့ အချိန်မရွေးနောက်တစ်ဝါထပ်ပြနိုင်တာမို့ သတိထားရမှာပါ။ အဝေးကွင်းမှာတစ်ယောက်လျော့နဲ့တစ်နာရီလောက် ကစားရတာ ဘယ်လောက်ခက်မယ်ဆိုတာ အားလုံးသိကြပါတယ် ဟုပြောဆိုသွားခဲ့သည်။

မန်ယူအသင်းမှာ ယခုပွဲစဉ်တွင်ရှုံးခဲ့သောကြောင့် ၀က်စ်ဟမ်းအသင်း၏ ကျော်တက်ခြင်းကိုခံခဲ့ရပြီး အဆင့် (၆)သို့ရောက်သွားကာ ချန်ပီယံလိဂ်ဝင်ခွင့်ရမည့် အဆင့်(၄)ဖြင့် ရာသီသိမ်းနိုင်ရေးမှာ မရေမရာဖြစ်လာနေပြီဖြစ်သည်။

U Myo Thant




<< Back La-liga News


Advertisement
Here