La-liga News

မက္ကလာရင်ကိုထုတ်သင့်ပြီဟုဆို

Mar 07 , 2016

နယူးကာဆယ်အသင်းပိုင်ရှင်ဟောင်း ဆာဂျွန်ဟောလ်က အသင်းအနေနှင့် လက်ရှိနည်းပြ မက္ကလာရင်ကို ရာထူးမှထုတ်ပယ် သင့်ပြီ ဟုပြောဆိုလိုက်သည်။

နယူးကာဆယ်အသင်းမှာ စနေနေ့က အိမ်ကွင်းပွဲစဉ်တွင် ဘုန်းမောက်ကို ၁း၃ ဖြင့် ရှုံးနိမ့်ခဲ့ပြီး ယင်းရှုံးပွဲမှာ ပရီးမီးယားလိဂ်တွင် ၃ ပွဲ ဆက်တိုက်ရှုံးပွဲအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ထိုရှုံးပွဲကြောင့် အမှတ်ပေးဇယားတွင် အဆင့် ၁၉ ၌သာ ဆက်ရှိနေကာ နိုင်ပွဲရမှသာ တန်းဆင်းဇုန်မှ လွတ်နိုင်မည်ဖြစ်သည်။

အသက် ၅၄ နှစ်ရှိပြီဖြစ်သော အင်္ဂလန်လက်ရွေးစင်အသင်းနည်ပြဟောင်း မက္ကလာရင်မှာ လွန်ခဲ့သောဇွန်လက ဂျွန်ကာဗာ ၏ နေရာကိုဆက်ခံကာ နယူးကာဆယ်နည်းပြအဖြစ် ရောက်ရှိလာသူဖြစ်ပြီး ယခုရာသီ ၂၈ ပွဲကစားပြီးချိန်တွင် နိုင်ပွဲ ၆ ပွဲသာ ရထားခဲ့သည်။

အသက် ၈၂ ရှိပြီးဖြစ်သည့် ပိုင်ရှင်ဟောင်း ဂျွန်ဟောလ်မှာ ၂၀၀၇ ခုနှစ်တွင် သူ၏အသင်းရှယ်ယာများကို မိုက်အက်ရှ်လေကို လွဲပြောင်းရောင်းချခဲ့သူဖြစ်သည်။

သူက အသင်းတာဝန်ရှိသူများအနေနှင့် အသင်းကိုပရီးမီးယားလိဂ်တွင် ဆက်ရှိစေလိုပါက ရဲဝံ့သော ပြောင်း လဲမှုများ အမြန်ဆုံး လုပ်ဆောင်သင့်ပြီဟု ဆိုသွားခဲ့သည်။

U Myo Thant




<< Back La-liga News


Advertisement
Here