World CUp 2014 News

ဂျာမနီနည်းပြ ဆက်ရှိမည်

Jul 24 , 2014

ကမ္ဘာ့ဖလားရရှိခဲ့သော ဂျာမနီအသင်း၏နည်းပြ ဂျိုအာချင်လိုမှာလာမည့် ယူရို ၂၀၁၆ အထိ အသင်းတွင် ဆက်ရှိနေဦးမည် ဖြစ်သည်။

၂၀၀၆ ခုနှစ်တွင် ကလင်းစမန်းကိုဆက်ခံ၍ ဂျာမနီနည်းပြဖြစ်လာသော ဂျိုအာချင်လိုမှာ ကမ္ဘာ့ဖလားရခဲ့ပြီးနောက် ဂုဏ်ပြုမှုများနှင့် ဆက်တိုက်ကြုံတွေ့ခဲ့ရသကဲ့သို့ တောင်အမေရိကမြေပေါ်တွင် ကမ္ဘာ့ဖလားကိုပထမဆုံး ရယူနိုင်ခဲ့သော ဥရောပအသင်းအဖြစ် ဂျာမနီ ကို ဂုဏ်တင်စေခဲ့သူလည်း ဖြစ်သည်။

ထို့အပြင် ဂျာမနီမှာ ကမ္ဘာ့ဖလားကို ၂၄ နှစ်အတွင်း ပထမဆုံးပြန်လည်ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး ၁၉၉၀ ကမ္ဘာ့ဖလားဖိုင်နယ်တွင်လည်း ယခုနှစ်ကဲ့သို့ပင် အာဂျင်တီးနားကို နိုင်ကာ ဗိုလ်စွဲခဲ့ခြင်း ဖြစ်သည်။

နည်းပြလိုအနေနှင့် ဂျာမနီ FA နည်းစနစ်ဒါရိုက်တာဖြစ်သွားသော ဖလစ်၏ လက်ထောက်နည်းပြနေရာနှင့် အနားယူသွားသော ဖိလစ်လမ်း၏ အသင်းခေါင်းဆောင်နေရာများ အတွက် ရှာဖွေရဦးမည် ဖြစ်သည်။

U Myo Thant




<< Back World CUp 2014 News


Advertisement
Here