Bundesliga News

PSG နှင့်ပွဲ တယ်ရီလွဲမည်

Mar 07 , 2016

ပြင်သစ်လိဂ်ဝမ်းချန်ပီယံ PSG နှင့်ကစားရမည့် ချန်ပီယံလိဂ်ရှုံးထွက်ပွဲစဉ်တွင် ချဲလ်ဆီးဘက်မှ နောက်ခံလူ ဂျွန်တယ်ရီ ပါဝင်နိုင်မည်မဟုတ်ဟု သိရသည်။

တံကောက်ကြောဒဏ်ရာရထားသော တယ်ရီမှာ လွန်ခဲ့သော လက ပဲရစ်တွင် ကစားခဲ့သော PSG နှင့်ပွဲစဉ်အပြင် ပရီးမီးယားလိဂ်နောက်ဆုံး ၃ ပွဲကိုလည်း လွဲချော်ခဲ့သကဲ့သို့ ယခုဗုဒ္ဓဟူးညတွင် ကစားရမည့် PSGနှင့် ဒုတိယအကျော့ပွဲကိုပါ လွဲချော်ခြင်းဖြစ်သည်။

ချဲလ်ဆီးနည်းပြ ဟစ်ဒင့်က ကျနော်အထင် တယ်ရီဟာ အဲဒီ PSG နှင့်ပွဲအတွက် ကြံ့ခိုင်မှုရှိနေမယ်မထင်ပါဘူး။ သူဟာလေ့ကျင့်ရေး စဆင်းနေ သလို အခြေအနေလည်း ပိုကောင်းလာသလိုပါပဲ ၊ ဒါပေမယ့်အရဲစွန့်ပြီး ထည့်သုံးဖို့တော့မဖြစ်နိုင်ပါဘူး လာမည့်အပတ်ပွဲစ ဉ်တွေ မှာမှ ကောင်းကောင်းကစားနိုင်လိမ့်မယ်လို့ ထင်ပါတယ် ဟုပြောဆိုသွားခဲ့သည်။

ချဲလ်ဆီးအသင်းမှာ ပထမအကျော့တွင် PSGကို ၂း၁ ဖြင့် ရှုံးထားခဲ့သဖြင့် ယခုပွဲတွင် ၁းဝ ရလဒ် (သို့မဟုတ် ) ၂ ဂိုးပြတ်နိုင်ပွဲ ရမှ သာ နောက်တစ်ဆင့်သို့ တက်ရောက်နိုင်မည်ဖြစ်သည်။

U Myo Thant




<< Back Bundesliga News


Advertisement
Here