La-liga News

ဖရန့်ဖတ်နည်းပြ ထုတ်ပယ်ခံရ

Mar 08 , 2016

၁၈ သင်းရှိသော ဘွန်ဒစ်လီဂါတွင် အဆင့် ၁၆ သို့ရောက်ရှိသွားခဲ့ပြီးနောက် ဖရန့်ဖတ်အသင်းတာဝန်ရှိသူများက နည်းပြ အာမင်ဗီးကို ရာထူးမှထုတ်ပယ်လိုက်ပြီ ဖြစ်သည်။

အသက် ၅၅ နှစ်ရှိပြီးဖြစ်သော ဗီးမှာ လွန်ခဲ့သော နွေရာသီတွင် ဖရန့်ဖတ်သို့စတင်ရောက်ရှိခဲ့သူဖြစ်ပြီး ၂၅ ပွဲကစားပြီးချိန်တွင် အနိုင် ၅ ပွဲသာရှိခဲ့ကာ နောက်ဆုံး ၇ ပွဲတွင် နိုင်ပွဲမရှိခဲ့ပြီးနောက် ယခုကဲ့သို့ ထုတ်ပယ်ခံလိုက်ရခြင်းဖြစ်သည်။

အသင်း CEO ဘရပ်ဟာဂင်က မိမိတို့အနေနှင့်အသင်းကို အပြောင်းအလဲလုပ်ရန် အချိန်ကျပြီဟု ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

ဖရန့်ဖတ်အသင်းမှာ လက်ကျန်ပွဲများတွင် ဘိုင်ယန် ၊ လေဗာကူဆင် စသောအသင်းများနှင့်တွေ့ရဦးမည်ဖြစ်သကဲ့သို့ ကိုယ့်အောက် မှ ဟော့ဖန်ဟိန်း ၊ ဟန်နိုဗာ တို့နှင့်လည်း ရင်ဆိုင်ရဦးမည်ဖြစ်သည်။

ယခုထုတ်ပယ်ခံခဲ့ရသော နည်းပြဗီးမှာ ၂၀၀၇ ခုနှစ်တွင် စတုဂတ်ကို ဘွန်ဒစ်လီဂါချန်ပီယံဖြစ်စေရန် ဦးဆောင်ခဲ့သူဖြစ်သည်။

U Myo Thant




<< Back La-liga News


Advertisement
Here