La-liga News

တာဝန်မပြီးသေးဘူးဆိုတဲ့ ဗာဒီ

Mar 08 , 2016

ရာသီကုန်ချိန်မရောက်သေးသဖြင့် မိမိတို့တာဝန်များပြီပြီဟု မမှတ်ယူသင့်သေးကြောင်း လက်စတာတိုက်စစ်မှုး ဗာဒီကပြောဆိုလိုက်သည်။

လက်စတာအသင်းမှာယခုရာသီတွင် ထူးခြားသောခြေစွမ်းပြနိုင်မှုများနှင့်အတူ (၉)ပွဲကျန်ရာသီသိမ်းခရီးတွင် အမှတ်ပေးဇယား ထိပ်၌ ပြိုင် ဘက်ကို ၅ မှတ်ဖြတ် ဦးဆောင်နေဆဲဖြစ်သည်။

အသင်းအတွက် ၁၉ ဂိုးသွင်းထားကာ အောင်မြင်မှုများတွင် အဓိကနေရာမှ ပါဝင်ခဲ့သည့် ဗာဒီက လာမယ့်ခရီးကအေးအေးဆေးဆေး မဟုတ်သေးပါဘူး ။ အသင်းတိုင်းဟာ ပရီးမီးယားလိဂ်မှ  နေချင်ကြသလို အသင်းတိုင်းဟာလည်းရလာနိုင်တဲ့အောင်မြင်မှုတွေအတွက် ကြိုးစားကြမှာမို့ လွယ်တဲ့ပွဲလို့ရှိလာမှာမဟုတ်ပါဘူး။ ရာသီအစမှာ မီဒီယာတွေက ကျနော်တို့ဟာ တန်းဆင်းတိုက်ပွဲ နွဲရမယ့်အသင်းလို့ ခန့်မှန်းခဲ့ကြပေမယ့် အခုကျနော်တို့ဟာ ထိပ်ဆုံးမှာပါ ။ဒါဟာမှန်းဆလို့မရတဲ့သဘောကိုပြနေတာဖြစ်သလို မှန်းဆခက်တဲ့ပွဲတွေ လာဦးမှာမို့ ကျနော်တို့အတတ်နိုင်ဆုံး ဂရူတစိုက်နဲ့ သွားရမှာပါ ဟု ပြောဆိုသွားခဲ့သည်။

လက်စတာအသင်းမှာ လက်ကျန်ပွဲစဉ်များတွင် တန်းမဆင်းရရေး ရုန်းရမည့် နယူးကာဆယ် ၊ ပဲလေ့စ် ၊ ဆန်းဒါးလန်း ၊ ဆွမ်ဆီး စသော အသင်းများနှင့်၎င်း ၊ ဥရောပ၀င်ခွင့်ကြိုးစားမည့် ၀က်စ်ဟမ်း ၊ မန်ယူ ၊ ချဲလ်ဆီး အသင်းများနှင့်၎င်း တွေ့ဆုံရဦးမည်ဖြစ်သည်။

U Myo Thant




<< Back La-liga News


Advertisement
Here