AFC Cup News

ရလဒ်ကောင်းရန် နှစ်ဖက်နည်းပြ မျှော်လင့်

Mar 09 , 2016

ဧရာဝတီယူနိုက်တက်အသင်းနှင့် လာအိုတိုယိုတာအသင်းတို့၏ 2016 AFC Cup အုပ်စု (H)ဒုတိယပွဲစဉ်အတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲ ကို ယမန်နေ့နံနက် ၁၁ နာရီကမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အစည်အဝေးခန်းမ၌ ကျင်းပခဲ့ရာ ရလဒ်ကောင်းရရှိရန် မျှော်မှန်းထားကြောင်း   နှစ်ဖက်နည်းပြများကပြောသည်။

အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ဧရာဝတီယူနိုက်တက်အသင်း နည်းပြချုပ် ဦးကျော်လွင်က ပြီးခဲ့တဲ့ပွဲမှာ ဂိုးပြတ်ရှုံးခဲ့လို့ ယုံကြည် မှုလျော့ နည်းတာမရှိပါဘူး။ အဲဒီပွဲအရှုံးကိုဘေးဖယ်ထားပြီး လာအိုတိုယိုတာနှင့်ပွဲမှာအားပြည့်အင်ပြည့်နဲ့ ရလဒ်ကောင်းအောင်ကြိုးစားမှာပါ ။ အုပ်စုတက်ဖို့က ဒီပွဲအနိုင်ရဖို့လိုပါတယ် ။ အမှားအယွင်းဖြစ်လို့မဖြစ်ပါဘူး ။ အိမ်ကွင်းပွဲစဉ်တွေကို အနိုင်ကစားပြီးအုပ်စုတက် ဖို့ကြိုးစားသွားမှာပါ ဟုပြောသည်။

ဆက်လက်၍  လာအိုတိုယိုတာနည်းပြ Valakone Phomphakdy က ဧရာဝတီနှင့်ပွဲက အုပ်စုဒုတိယပွဲဖြစ်ပါတယ်။ ပထမပွဲမှာ အိန္ဒိယကလပ်အသင်းကို အနိုင်ရခဲ့သလို ဧရာဝတီနှင့်ပွဲမှာလည်း သုံးမှတ်အပြည့်ယူသွားမှာပါ ။ပြီးခဲ့တဲ့နှစ်ကတွေ့တယ်ဆိုပေမယ့် ဒီနှစ်မှာအသင်းကနည်းပြရော ကစားသမားတွေပါအပြောင်းအလဲလုပ်ထားတယ် ။ ရလဒ်ကောင်းမယ်လို့မျှော် လင့်ပါတယ်။ကစား သမားတွေအားလုံးက လာအိုလက်ရွေးစင်ကစားသမားတွေပါ ။ အုပ်စုတက်နိုင်မယ်လို့ယုံကြည်ထားပါတယ် ဟု ပြောသည်။

ယင်းပွဲစဉ်ကို ယနေ့မတ် ၉ ရက် ညနေ ၄ နာရီတွင်ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး MRTV အခမဲ့ရုပ်သံလိုင်းမှ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

ဧရာဝတီယူနိုက်တက်အသင်းသည် အဖွင့်ပွဲစဉ်တွင် အဝေးကွင်း၌ မလေးရှားကလပ် ဂျိုဟိုးအသင်းကို ၈ ဂိုး - ၁ဂိုးဖြင့် ရှုံးနိမ့်ထားပြီး လာအိုတိုယိုတာအသင်းမှာ အိမ်ကွင်း၌ အိန္ဒိယ ကလပ် ဘန်ဂလူရူအသင်းကို ၂ ဂိုး - ၁ ဂိုး ဖြင့် အနိုင်ရရှိထားသည်။

U Myo Thant

<< Back AFC Cup News


Advertisement
Here