AFC Cup News

ရန်ကုန်ကစားသမား ၂ ဦး AFC ပွဲစဉ်လွဲချော်

Mar 09 , 2016

ရန်ကုန်ယူနိုက်တက်အသင်းသည် AFC Cupအုပ်စု (G)ဒုတိယပွဲစဉ်အဖြစ် မော်လ်ဒိုက်ကလပ် မာဇီယာအသင်းနှင့်ယှဉ်ပြိုင်ကစားမည့်ဖြစ်ပြီး ယင်းပွဲစဉ်တွင် အဓိကကစားသမားနှစ်ဦးဖြစ်သော ရန်အောင်ကျော်နှင့် သန်းထက်အောင်တို့ ပါဝင်နိုင်မည်မဟုတ်ကြောင်း သိရသည်။

ရန်ကုန်ယူနိုက်တက်အသင်း၏ ကွင်းလယ်အဓိကကစားသမားများဖြစ်ကြသော ရန်အောင်ကျော်နှင့်တိုက်စစ်မှုး သန်းထက်အောင်တို့သည် ပွဲပယ်ပြစ်ဒဏ်ကြောင့် အဆိုပါပွဲစဉ်အား လွဲချော်ကာ မော်လ်ဒိုက်နိုင်ငံသို့ လိုက်ပါကစားခွင့်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။

ယင်းပွဲစဉ်အား ယှဉ်ပြိုင်ကစားရန် ရန်ကုန်ယူနိုက်တက်အသင်းမှ အုပ်ချုပ်သူနည်းပြ ၁၀ ဦးအပါအ၀င် ကစားသမား ၁၈ ဦးသည် ယမန်နေ့က မော်လ်ဒိုက်နိုင်ငံ Male မြို့သို့ ရောက်ရှိခဲ့သည်။ယင်းလူစာရင်းတွင် အဓိကကစားသမားအများစုပါဝင်ပြီး ဒဏ်ရာမှပြန်လည်သက်သာလာသော ဂျပန်နောက်တန်းကစားသမား ယာမာရှီတာလည်း ပါဝင်သွားကြောင်း သိရသည်။

မာဇီယာအသင်းနှင့်ရန်ကုန်ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ပွဲစဉ်အား မော်လ်ဒိုက်နိုင်ငံ၌ ယနေ့မြန်မာစံတော်ချိန် ညနေ ၅နာရီခွဲတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး MRTV Entertainment Channel မှ တိုက်ရိုက်ထုတ်လွှင့်ပြသ သွားဖွယ် ရှိကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် COO ဦးစိုးမိုးကျော်က ပြောသည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် အုပ်စုအဖွင့်ပွဲစဉ်တွင်  အိမ်ကွင်း၌ တောင်တရုတ်အသင်းကို ၂ ဂိုး - ၁ ဂိုး ဖြင့် အနိုင်ရရှိထားပြီး မာဇီယာအသင်းမှာ အဝေးကွင်း၌ အိန္ဒိယကလပ် မိုဟန်ဘာဂန်အသင်းကို ၅ ဂိုး - ၁ ဂိုး ဖြင့် ရှုံးနိမ့်ထားသည်။

U Myo Thant




<< Back AFC Cup News


Advertisement
Here