Serie-A News

ကွာတားတက်သော ၀ုလ်စ်ဘတ်

Mar 09 , 2016

ဂျာမနီဘွန်ဒစ်လီဂါကလပ်တစ်ဖြစ်သော ၀ုလ်စ်ဘတ်အသင်းမှာ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံ ကွာတားဖိုင်နယ် သို့ တက်ရောက်နိုင်ခဲ့ပြီးဖြစ်သည်။

ရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ်တွင် ဘယ်လ်ဂျီယံချန်ပီယံကလပ် ဂျန့်ကို ၁းဝဖြင့်အနိုင်ရခဲ့ကာ နှစ်ကျော့ပေါင်း ၄း၂ဖြင့် ကွာတားသို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

နည်းပြဟက်ကင်း၏ ၀ုလ်စ်ဘတ်အသင်းမှာ ဘွန်ဒစ်လီဂါတွင် အဆင့် (၇) သို့ရောက်ရှိနေသော်လည်း ချန်ပီယံလိဂ်တွင်မူ အထူးကြိုးစား ကစားပြနိုင်ခဲ့သည်။

ဂျန့်အသင်းမှာအုပ်စုအတွင်းတွင် ဗလင်စီယာ ၊ လိုင်ယွန် ၊ ဇင်းနစ် အစရှိသော အသင်းများကိုအနိုင်ရ ဖြတ်ကျော်နိုင်ခဲ့သော်လည်း ၀ုလ်စ်ဘတ်နှင့်အတွေ့တွင် ရှုံးထွက်အဆင့်နှင့်ပင် ကျေနပ်လိုက်ရခြင်းဖြစ်သည်။

U Myo Thant




<< Back Serie-A News


Advertisement
Here