La-liga News

ဂိုး ၄၀ ပြည့် စီရိုနယ်ဒို

Mar 09 , 2016

ရီးရဲလ်တိုက်စစ်မှုး စီရိုနယ်ဒိုမှာ ရိုးမားနှင့်ကစားခဲ့သော ချန်ပီယံလိဂ်ပွဲတွင် ၁ ဂိုးသွင်းယူနိုင်ခဲ့သဖြင့်ယခုရာသီတွင် စုစုပေါင်း ဂိုး ၄၀ အထိ သွင်းယူနိုင်ခဲ့ပြီဖြစ်သည်။

ရီးရဲလ်အသင်းမှာ ပထမအကျော့တွင် ရိုးမားကို ၀း၂ဖြင့်အနိုင်ရခဲ့ပြီး ယခု ဒုတိယအကျော့ပွဲတွင်လည်း ၂းဝဖြင့်နိုင် ခဲ့သော်ကြောင့် နှစ်ကျော့ပေါင်း  ၄းဝဖြင့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်သို့ တက်ရောက်သွားပြီဖြစ်သည်။

နည်းကြဇီဒန်း၏ ရီးရဲလ်အသင်းမှာ လာလီဂါတွင်ဇယားထိပ်မှ ဘာစီလိုနာနှင့် ၁၂ မှတ်ကွာဟနေပြီဖြစ်သဖြင့် ချန်ပီယံဖြစ်ရန် မလွယ်တော့ဘဲ စပိန်ဘုရင့်ဖလားပွဲမှာလဲ ထွက်ခဲ့ရပြီးဖြစ်သောကြောင့် ဖလားရနိုင်သည်မှာ ယခုချန်ပီယံတစ်ခုတည်းတွင်သာရှိတော့သည်။

စီးရီးအေတွင် ၇ ပွဲဆက်တိုက်အနိုင်ရထားကာ အဆင့် ၃ တွင်ရှိနေသော ရိုးမားမှာချန်ပီယံမှ ထွက်ရပြီဖြစ်သဖြင့် ပြည်တွင်းပွဲများကိုသာ အာရုံစိုက်ရတော့မည်ဖြစ်သည်။

ရီးရဲလ်အသင်းမှ ချန်ပီယံကွာတားဖိုင်နယ်သို့ ၆ ရာသီဆက်တိုက် တက်လာနိုင်ခဲ့ခြင်းဖြစ်ပြီး စီရိုနယ်ဒိုမှာ ချန်ပီယံလိဂ်ပြိုင်ပွဲများတွင် သွင်းဂိုးစုစုပေါင်း ၉၀ ရှိနေပြီဖြစ်သည်။

U Myo Thant




<< Back La-liga News


Advertisement
Here