La-liga News

ချဲလ်ဆီးကို ထပ်နိုင်ချင်တဲ့ ဘလန့်စ်

Mar 09 , 2016

PSGနည်းပြ ဘလန့်က မိမိတို့အနေနှင့်လွန်ခဲ့သော ရာသီတွင် ချဲလ်ဆီးကိုကျော်ဖြတ်နိုင်ခဲ့သကဲ့သို့ ထပ်ဖြစ်ရန်ကြိုးစားသွား မည်ဟု ပြော ဆိုခဲ့သည်။

PSGနှင့် ချဲလ်ဆီးအသင်းတို့မှာ လွန်ခဲ့သော ရာသီရှုံးထွက်အဆင့်တွင် ယခုကဲ့သို့ပင် ဆုံတွေ့ခဲ့ရာ၌ PSG ကွင်းတွင် ၁း၁ ၊ ချဲလ်ဆီးကွင်းတွင် ၂း၂ အဖြေထွက်ခဲ့သဖြင့် PSG ကအဝေးဂိုးစည်းမျဉ်းအရ ကွာတားဖိုင်နယ်တက်သွားခဲ့သည်။

ယခုရာသီတွင်လည်း ၂ သင်း ပြန်ဆုံတွေ့ရာ၌ ပထမအကျော့ PSG ကွင်းတွင် PSGက ၂း၁ဖြင့် နိုင်ထားသဖြင့် ချဲလ်ဆီးမှ ၁းဝ ၊ ၂းဝ ရလဒ်(သို့မဟုတ်)  ၂ဂိုးပြတ်ဖြင့်နိုင်သည့် ရလဒ်များရရှိမှသာ ကွာတားသို့ရောက်ရှိနိုင်မည်ဖြစ်သည်။

ဘလန့်က လက်ရှိအနေအထားမှာ လွန်ခဲ့သောရာသီကထက်ခက်ခဲသောသဘောရှိကြောင်း သို့သော်လည်း လွန်ခဲ့သောရာသီတွင် လုပ်နိုင်ခဲ့သကဲ့သို့ ယခုရာသီတွင်ထပ်လုပ်ပြနိုင်ရန် အားထုတ်သွားမည်ဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်။

U Myo Thant




<< Back La-liga News


Advertisement
Here