La-liga News

ဘင်နီတက်ဇ်ကိုခေါ်ချင်တဲ့နယူးကာဆယ်

Mar 09 , 2016

နယူးကာဆယ်အသင်းနည်းပြ မက္ကလာရင်မှာ မကြာမီထုတ်ပယ်ခံရတော့မည်ဟု သတင်းထွက်နေပြီး ရီးရဲလ်နည်းပြဟောင်း ဘင်နီတက်ဇ် မှာ အသင်းတာဝန်ရှိသူများနှင့် ချိတ်ဆက်ဆွေးနွေးနေသည်ဟု ဆိုသည်။

ဘင်နီတက်ဇ်မှာ ရီးရဲလ်နည်းပြအဖြစ်မှ ထုတ်ပယ်ခံခဲ့ရပြီးနောက် အင်္ဂလန်ရှိသူ၏မိသားစုအိမ်သို့ပြန်ရောက်နေသူဖြစ်ပြီး အသင်းကို တန်ဆင်းဇုန်မှ ကယ်ထုတ်ရန် ရာသီကုန်အထိ ယာယီနည်းပြသဘောမျိုးခန့်အပ်မည်ဟုလည်း အချို့သတင်းများကဖော်ပြကြသည်။

အင်္ဂလန်လက်ရွေးစင်အသင်းအပြင် ဒါဘီ ၊ နော်တင်ဟမ် ၊ ဖစ်ဒယ်ဘရော့ ၊တွမ်တိ ၊ ၀ုလ်စ်ဘတ် အသင်းများကိုကိုင်တွယ်ခဲ့ဘူးသူ မက္ကလာရင်မှာ ယခုရာသီတွင် နယူးကာဆယ်ကို စုစုပေါင်း ၃၁ ပွဲကိုင်တွယ်ခဲ့ပြီးရာ၌ ၇ပွဲနိုင် ၊ ၆ပွဲသရေ ၊ ၁၈ပွဲရှုံးထားခဲ့ပြီး တိုက်စစ်မှ ၃၂ ဂိုး ရချိန်တွင်နောက်တန်းမှ ၅၆ ဂိုးပေးခဲ့ရပြီဖြစ်သည်။

လက်ရှိအချိန်တွင် အသင်းပိုင်ရှင် မိုက်အက်ရှ်လေမှာ အင်္ဂလန်တွင် မရှိသော်လည်း MDဖြစ်သူ လီချမ်လေမှာ လုပ်ပိုင်ခွင့်အပြည့်ရထား သူဖြစ်သဖြင့် မက္ကလာရင်မှာ အချိန်မရွေးထုတ်ပယ်ခံရနိုင်သည့် အနေအထားဖြစ်သည်။

ထိုနည်းပြနေရာအတွက် အဲဗာတန်နှင့်မန်ယူ နည်းပြဟောင်း မိုရက်စ် ၊ လီဗာပူးနည်းပြဟောင်း ရော်ဂျာစ် တို့ကလည်း စိတ်ဝင်စားနေကြောင်း သိရသည်။

U Myo Thant




<< Back La-liga News


Advertisement
Here