La-liga News

သတိထားရမယ့် ဒိုင်

Mar 10 , 2016

ယနေ့ည လီဗာပူး - မန်ယူပွဲတွင် ကွင်းလယ်ဒိုင်အဖြစ် တာဝန်ယူမည့် စပိန်သား ကာဘယ်လိုမှာ သူကိုင်တွယ်ခဲ့သည့် နောက်ဆုံး ၁၂ ပွဲတွင် အ၀ါကတ် ၇၄ ကြိမ်နှင့် အနီကတ် ၆ ကြိမ် ပြခဲ့သူဖြစ်၍ နှစ်ဘက်ကစားသမားများ သတိထားရလိမ့်မည်ဖြစ်သည်။

အသက် ၄၄ နှစ်ရှိပြီးဖြစ်သော ကာဘယ်လိုမှာ ၂၀၀၄ မှစ၍ စပိန်လာလီဂါတွင် ဒိုင်လူကြီးတာဝန်များစတင်ထမ်းဆောင်ခဲ့သူဖြစ်ပြီး သူနောက်ဆုံးကိုင်တွယ်ခဲ့သည့် လွန်ခဲ့သောစနေနေ့ ဒီပို့တီဗို နှင့် မာလာဂါ ပွဲစဉ်တွင် အ၀ါ ၈ ကတ်နှင့် အနီ ၁ကတ် ပြခဲ့သူဖြစ်သည်။

PSG နှင့်ချဲလ်ဆီးတို့ကစားသည့် ချန်ပီယံလိဂ်ရှုံးထွက်ပထမအကျော့တွင်  ဒိုင်အဖြစ်တာဝန်ယူခဲ့သူ ကာဘယ်လိုမှာ အီဘရာဟင်မိုဗစ် ၊ ကာဗာနီ နှင့် မီစေးတို့ ဂိုးသွင်းခဲ့သောပွဲ၌ အ၀ါ ၅ ကတ်ပြခဲ့သူဖြစ်သည်။

သူအနီကတ်ပြခဲ့သူများတွင် အာဆင်နယ်မှ ပိုလန်လက်ရွေးစင်ဂိုးသမား ဆက်ဇနီ ပါဝင်ခဲ့ပြီး ယူရို ၂၀၁၂ ပြိုင်ပွဲတွင်ပြခဲ့ခြင်းဖြစ်သည်။

ယနေ့ည ယူရိုပါလိဂ်ပွဲအဖြစ်ကစားကြမည့် လီဗာပူးနှင့် မန်ယူတို့မှာ ပြစ်ဒဏ်ပေးခံရမှုတွင် ပြစ်ဒဏ် များပြားလွန်သောအသင်းများ မဟုတ်သော်လည်း လီဗာပူးမှာမီလ်နာနှင့်မန်ယူမှာ မာတာတို့မှာ လွန်ခဲ့သောပရီးမီးယားပွဲစဉ် ၂၉ တွင် ၂ ၀ါ ၁နီဖြင့် အထုတ်ခံခဲ့ကြရသည်။

 

U Myo Thant




<< Back La-liga News


Advertisement
Here