La-liga News

၉ယောက်ထွက်မည့် ချဲလ်ဆီး

Mar 11 , 2016

ချဲလ်ဆီးအသင်းမှလာမည့်ရာသီချန်ပီယံလိဂ်ဝင်ခွင့် မသေချာတော့သဖြင့် ကစားသမားအများအပြား ထွက်ခွာရန်ရှိနေပြီး ၉ဦးခန့်ရှိမည်ဟု ဆိုသည်။

ရာသီသိမ်းရန် ၉ပွဲသာလိုတော့သည့်အချိန်တွင် အသင်းမှာ အဆင့် (၁၀)သို့ရောက်နေပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရမည့်နေရာနှင့် ၁၀မှတ် ကွာဟနေခြင်းကြောင့်လာမည့်ရာသီတွင် ဥရောပ၀င်ခွင့် မရေရာတော့သောကြောင့် ကစားသမားများကစွန့်ခွာလိုခြင်းဖြစ်သကဲ့သသို့ နည်းပြသစ်ရောက်လာပါကလည်း ပုံမှန်ပွဲထွက်ခွင့်မရမည်ကို စိုးရိမ်ခြင်းစသည့် အကြောင်းများကြောင့် ထွက်ခွာလိုကြခြင်းဖြစ်သည်။

ထွက်ခွာလိုသူများမှာ ဟာဇတ် ၊ ပက်ဒရို ၊ အော်စကာ ၊ မာတ်စ် ၊ရီမီ ၊ ကော်စတာ ၊ တယ်ရီ ၊ပါတိုနှင့် ဖယ်ကာအိုတို့ဖြစ်ကြသည်။

တယ်ရီမှာစာချုပ်သစ်ကမ်းလှမ်းမခံရခြင်းကြောင့် ထွက်ခွာမည်ဖြစ်ပြီး ဖယ်ကာအိုမှာလည်း အငှားစာချုပ် သက်တမ်းမတိုးတော့၍ မိခင်ကလပ် မိုနာကို သို့ပြန်မည်ဖြစ်သည်။

ချဲလ်ဆီးအသင်းမှာယခုရာသီ ချန်ပီယံလိဂ်တွင် ရှုံးထွက်အဆင့်ရောက်ခဲ့သော်လည်း ထိုအဆင့်တွင် PSG ကိုနှစ်ကျော့လုံးရှုံး၍ ထွက်ခဲ့ရပြီးဖြစ်သည်။

 

U Myo Thant




<< Back La-liga News


Advertisement
Here