La-liga News

နည်းပြသစ်ခန့်သော ပါလာမို

Mar 11 , 2016

စီးရီးအေ အဆင့် (၁၇)သို့ရောက်နေသော ပါလာမိုအသင်းမှာ ယခုရာသီ၇ယောက်မြောက်နည်းပြအဖြစ် နိုဗယ်လီနို ကိုခန့်အပ် လိုက်ပြီဖြစ် သည်။

ပါလာမိုအသင်းမှာ ၂၀၁၄ တွင် စီးရီးဘီမှ စီးရီးအေသို့ တန်းတက်လာသည့် အသင်းဖြစ်ပြီး ထိုစဉ်က နည်းပြ အိုင်ချီနီမှာ လွန်ခဲ့သောရာသီက အသင်းကထွက်ခွာခဲ့သူဖြစ်သည်။

ယခုရာသီတွင်ပါလာမိုကို ဘယ်လာဒီနီ ၊ ဗီဗီယာနီ ၊တီဒက်စကို ၊ ရှလော့တီ ၊ ဘာဘီရာ တို့ကကိုင်တွယ်ခဲ့ကြပြီး လွန်ခဲ့သောဖေဖော်ဝါရီတွင် အိုင်ချီနီကိုနည်းပြအဖြစ် တစ်ကျော့ပြန်ခန့်အပ်ခဲ့သော်လည်း တစ်လမပြည့်မီမှာပင် ထွက်သွားခဲ့သဖြင့် ယခုကဲ့သို့ နိုဗယ်လီနိုကို ခန့်အပ်ရခြင်းဖြစ်သည်။

ပါလာမိုအသင်းမှာ တန်းဆင်းဇုန်အသင်းနှင့် တစ်မှတ်အကွာ အဆင့် ၁၇ တွင် ရှိနေပြီး လာမည့် တနင်္ဂနွေနေ့တွင် နာပိုလီနှင့် ကစားရမည်ဖြစ်သည်။

 

U Myo Thant




<< Back La-liga News


Advertisement
Here