La-liga News

ရှက်စရာမန်ယူဟု စခိုးလ်ဆို

Mar 11 , 2016

ကွင်းလယ်ကစားသမားဟောင်း ပေါစခိုးလ်က လီဗာပူးကိုရှုံးခဲ့သည့်ပွဲတွင် မန်ယူကစားသမားများကစားပုံနှင့် စိတ်ဓာတ်မှာရှက်ဖို့ကောင်း လှကြောင်း ဝေဖန်လိုက်သည်။

ယူရိုပါလိဂ်ပထမအကျော့အဖြစ် အန်းဖီးလ်တွင်ကစားရသည့်ပွဲ၌ မန်ယူမှာ ၂းဝဖြင့်ရှုံးခဲ့ပြီး စခိုးလ်က မန်ယူမှာ ချေပဂိုးရရန် မည်သည့် ဗျူဟာ မည်သည့်ကစားကွက်မျိုးမှ မရှိခဲ့ဟုပြစ်တင်ဝေဖန်ခဲ့ပြီး ကစားသမားသစ်များအတွက် ပေါင်သန်း ၃၀၀ သုံးထားသော်လည်း အဆင့် ၆ တွင်သာရှိနေပြီး ချန်ပီယံလိဂ်တွင်လည်း နုံချာသော ခြေစွမ်းများကြောင့် ယူရိုပါလိဂ်သို့ ရောက်ခဲ့ရကြောင်း ဤခြေစွမ်းမျိုးဖြင့် ဘာစီလိုနာ ၊ ရီးရဲလ် ၊ ဘိုင်ယန် တို့ကို မည်သို့မျှယှဉ်နိုင်မည်မဟုတ်ကြောင်း ကစားသမားများအနေနှင့် လူမှုဝက်ဘ်ဆိုက်များတွင်တောပြောတောင်ပြောလုပ်နေခြင်းကိုရပ်ကာ အကောင်းဆုံးကစားနိုင်ရေးကိုတွေး၍ ကြိုးစားသင့်ပြီဖြစ်ကြောင်း လွန်ခဲ့သောရာသီတွင် မန်ယူကို အဆင့်(၄)နှင့် FA ဖလားရနိုင်ရန် မျှော်လင့်ခဲ့သောလည်း FA ဖလားကို အာဆင်နယ်က ရသွားခဲ့ကြောင်း ယခုရာသီတွင် အောင်မြင်မှုတစ်ခုခုရရေးအတွက် ယခုခြေစွမ်းမျိုးနှင့်မည်သို့မျှစိတ်ကူးယဉ်နိုင်မည်မဟုတ်ကြောင်း ပြောဆိုသွားခဲ့သည်။

ဘောလုံးသတင်းဝေဖန်သူအဖြစ် လုပ်ကိုင်နေသော စခိုးလ်မှာ မန်ယူအတွက် ပွဲပေါင်း ၇၁၈ ပွဲကစားပေးခဲ့သူဖြစ်သည်။

 

U Myo Thant




<< Back La-liga News


Advertisement
Here