La-liga News

ပွဲကြည့်စင်တွင်ရှိမည့် ဆွမ်ဆီးနည်းပြ

Mar 11 , 2016

ဆွမ်ဆီးနည်းပြ ဂူဒိုလင်အနေနှင့်လာမည့်စနေနေ့ ဘုန်းမောက်နှင့်ပွဲတွင် ကွင်းဘေးတွင်ရှိနေမည့်မဟုတ်ဘဲ ပွဲကြည့်စင်တွင်သာရှိနေမည်ဟု ဆိုသည်။

အသက် ၆၀ ရှိပြီဖြစ်သည့် ဂူဒိုလင်မှာ ကျန်းမာရေးအခြေအနေအရ ဆေးရုံတက်ခဲ့ရပြီး ယခုအပတ် အစောပိုင်းတွင်မှ ဆေးရုံမှဆင်းခဲ့ရကာ ဆရာဝန်များ၏ အကြံပေးချက်အရ ကွင်းဘေးစည်းမှ ကြီးကြပ်ရမည့်နေရာတွင်ရှိနေမည်မဟုတ်ဘဲ ပွဲကြည့်စင်တွင်သာ ကြည့်လိမ့်မည်ဖြစ်သည်။

သူသည် အာဆင်နယ်ကို ၂း၁နှင့်နိုင်သော ပွဲနှင့်နောဝစ်ကို ၁းဝဖြင့် နိုင်သောပွဲများတွင် နည်းပြအဖြစ်ပါဝင်ခဲ့ခြင်း မရှိပဲဆေးရ တွင် ရောက်နေချိန်ဖြစ်သည်။

အီတလီသား ဂူဒိုလင်မှာ လွန်ခဲ့သော ဇန်န၀ါရီလတွင် ဆွမ်ဆီးသို့ ရောက်လာသူဖြစ်ပြီး အူဒီနီးစ် ၊ မိုနာကို အသင်းများကို ကိုင်တွယ်ခဲ့ဘူးကာ ဆွမ်ဆီးနှင့် လာမည့် ရာသီအတွက် သက်တမ်းတိုးရန် အစီအစဉ်ရှိနေသူဖြစ်သည်။

U Myo Thant




<< Back La-liga News


Advertisement
Here