AFC Cup News

အာရှအမျိုးသမီး ယူ - ၁၄ ဖိတ်ခေါ်ပြိုင်ပွဲ

Mar 12 , 2016

ဂျပန်နိုင်ငံ၌ ကျင်းပမည့်အာရှအမျိုးသမီး ယူ - ၁၄ ဖိတ်ခေါ်ပြိုင်ပွဲ ASEAN U - 14  GIRLS FOOTBALL FESTIVAL တွင် မြန်မာ ယူ - ၁၄ အမျိုးသမီး ဘောလုံးအသင်းနှင့် ဖိလစ်ပိုင်နိုင်ငံ ယူ - ၁၄ အမျိုးသမီးဘောလုံးအသင်းတို့ ပွဲဦးထွက် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။

အာရှအမျိုးသမီး ယူ - ၁၄ ဖိတ်ခေါ်ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် မြန်မာလက်ရွေးစင် ယူ -၁၄ အမျိုးသမီးအသင်းသည် မတ် ၁၀ ရက် ညနေက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဂျပန်နိုင်ငံသို့ ထွက်ခွာသွားရာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့်တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်းသိရသည်။

မြန်မာအမျိုးသမီး ယူ - ၁၄ အသင်းအား တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံကျောင်းများမှ အရည်အချင်းရှိကျောင်းသူများအား အခြေခံရွေးချယ်ထားခြင်း ဖြစ်ပြီး ကစားသမားအားလုံးနီးပါးမှာ ယခင်နှစ်က ကျင်းပခဲ့သည့် သက်တမ်းအလိုက်အမျိုးသမီးပြိုင်ပွဲများမှ ကစားသမားများကိုရွေးချယ်ထားခြင်းဖြစ်သည်။

မြန်မာအမျိုးသမီးယူ -၁၄ အသင်းသည် ယင်းပြိုင်ပွဲ၌ ကမ္ဘောဒီးယား ၊ ဖိလစ်ပိုင် ၊ စင်ကာပူ ၊ ထိုင်း ၊ ဂျပန် ( အကယ်ဒမီ ) ၊ ဂျပန် (Azul Claro ) အသင်းတို့နှင့် မတ် ၁၂ ရက်မှ ၁၆ ရက်အထိ ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ယင်းပြိုင်ပွဲ၌ အသင်းတစ်သင်းလျှင် ငါးရက် အတွင်းလေးပွဲ ယှဉ်ပြိုင်ကစားရမည်ဖြစ်ကာ တစ်ပွဲလျှင် ၃၅ မိနစ်နှစ်ပိုင်းစီ ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။

U Myo Thant

<< Back AFC Cup News


Advertisement
Here