AFC Cup News

AFC ပွဲစဉ်ကို အာရုံစိုက်မည့် ဧရာဝတီ

Mar 12 , 2016

ဧရာဝတီယူနိုက်တက်အသင်းသည် ၂၀၁၆ ဘောလုံးရာသီတွင် မြန်မာနေရှင်လိဂ်ပြိုင်ပွဲနှင့် AFC Cup ပြိုင်ပွဲနှစ်ရပ်ကို ၀င်ရောက်ယှဉ်ပြိုင် လျက်ရှိပြီး လာမည့် တစ်ပတ်တွင် ငါးရက်အတွင်းပွဲစဉ်နှစ်ပွဲ ယှဉ်ပြိုင်ကစားရမည်ဖြစ်၍ အတက်နိုင်ဆုံး အနားပေးရန် စီစဉ်ထားပြီး AFC Cup ပွဲစဉ်ဖြစ်သော အိန္ဒိယကလပ် ဘန်ဂလူရူအသင်းနှင့်ပွဲစဉ်ကို  အာရုံစိုက်သွားမည်ဟုနည်းပြချုပ်ဦးကျော်လွင်က ပြောသည်။

ကျွန်တော်တို့ AFC Cup ပြိုင်ပွဲမှာ အုပ်စုအဆင့်ကိုကျော်ဖြတ်ဖို့ ယုံကြည်ထားပါတယ် ။ ဒီတစ်ပတ်မှ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်နှင့် AFC cup ပွဲကကပ်နေတာကြောင့် ကစားသမားတွေပွဲပန်းနိုင်ပါတယ်။ဒါကြောင့် ဇေယျာရွှေမြေနဲ့ပွဲကိုအဝေးကွင်းကစားရမှာဆိုတော့ သရေလောက်ပဲမျှော်လင့်ထားတယ်။ ကစားသမားတွေကိုလည်း အတက်နိုင်ဆုံး အနားပေးဖို့စီစဉ်ထားပါတယ် ။အဓိက က မတ် ၁၆ ရက်မှာ ကစားမယ့် AFC Cup ပွဲစဉ်ကို အိမ်ကွင်းမှာကစားရမှာဆိုတော့ သေချာပေါက်နိုင်အောင်ကစားသွားမှာပါ ၎င်းကပြောသည်။

ဧရာဝတီယူနိုက်တက်အသင်းသည် မတ် ၁၂ ရက် တွင် မုံရွာမြို့၌ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်(၁၀)အဖြစ် ဇေယျာရွှေမြေနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။မတ် ၁၆ ရက်တွင် ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ AFC Cup အုပ်စု တတိယပွဲစဉ်အဖြစ် အိန္ဒိယကလပ် ဘန်ဂလူရူအသင်းနှင့်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

ဧရာဝတီယူနိုက်တက်အသင်းသည် AFC Cup ပြိုင်ပွဲတွင် အုပ်စု (H)၌ ကျရောက်နေပြီး ပွဲစဉ်နှစ်ပွဲကစားထားကာ တစ်ပွဲနိုင် ၊ တစ်ပွဲရှုံးရလဒ်ဖြင့် အုပ်စု အဆင့် (၂) နေရာတွင် ရပ်တည်နေသည်။ယင်းအုပ်စုမှ အမှတ်အများဆုံးနှစ်သင်းမှာ ၁၆ သင်း ရှုံးထွက်အဆင့်သို့ တက်ရောက်ခွင့်ရမည်ဖြစ်သည်။

ဧရာဝတီယူနိုက်တက်အသင်းသည် ပြည်တွင်းလိဂ်ပြိုင်ပွဲတွင် အဆင့်(၅)နေရာ၌ ရပ်တည်နေသည့် အသင်းတစ်သင်းဖြစ်ကြောင်း သိရသည်။

U Myo Thant




<< Back AFC Cup News


Advertisement
Here