Other World Cup Football News

တိုယိုတာဖလား နိုဝင်ဘာတွင် ကျင်းပမည့်

Mar 12 , 2016

မဲခေါင်ဒေသတွင်းနိုင်ငံများမှ ကလပ်အသင်းများအတွက် ကျင်းပလျက်ရှိသည့် ၂၀၁၆ မဲခေါင်တိုယိုတာဖလားပြိုင်ပွဲကို နိုဝင်ဘာတွင် စတင်ကျင်းပသွားမည်ဖြစ်သည်။

မြန်မာကလပ်အသင်းများမှာ အဆိုပါပြိုင်ပွဲကို ၂၀၁၄ ခုနှစ်မှ စတင်ယှဉ်ပြိုင်ခဲ့ပြီး သုံးနှစ်ဆက် ယှဉ်ပြိုင်ခြင်းဖြစ်သည်။၂၀၁၆ ခုနှစ်ပြိုင်ပွဲ အတွက် ပြိုင်ပွဲညှိနှိုင်း အစည်းအဝေးကို မတ် ၉ရက်က ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သည်။

ပထမအဆင့်ပွဲစဉ်များကို နိုဝင်ဘာ ၅ ရက် ၊ ဒီဇင်ဘာ ၂၃ ရက်နှင့် ၂၇ ရက်နေ့တို့တွင်လည်း ၊ ဆီမီးဖိုင်နယ်ကို ဒီဇင်ဘာ ၃၁ ရက်တွင် လည်း ကောင်း ၊ ဗိုလ်လုပွဲကို ဇန်န၀ါရီ ၄ရက်နှင့်၈ ရက်တို့တွင်နှစ်ကျော့စနစ်ဖြင့်လည်းကောင်း ကျင်းပသွားမည်ဖြစ်သည်။

အာဆီယံဆူဇူကီးဖလားပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်သောကြောင့် မြန်မာကလပ်အသင်း၏ ပွဲစဉ်ကို ဒီဇင်ဘာမှယှဉ်ပြိုင်ခွင့်ရရန်တောင်းဆိုခဲ့ရာအောင်မြင်ခဲ့သည်။

ပထမအဆင့်တွင် မြန်မာ ၊ ဗီယက်နမ်နှင့်လာအိုကလပ်အသင်းတို့ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ယင်းပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်ရမည်အသင်းမှာ ဗီယက်နမ်ကလပ်အသင်းနှင့်ပွဲကို ဒီဇင်ဘာ ၂၃ရက်တွင်အဝေးကွင်း၌လည်းကောင်း ၊လာအိုကလပ်အသင်းနှင့်ပွဲကို ဒီဇင်ဘာ ၂၇ ရက်တွင် မြန်မာနိုင်ငံ၌လည်းကောင်း ကစားရမည်ဖြစ်သည်။

ကမ္ဘောဒီးယားကလပ်အသင်းမှာ ဆီမီးဖိုင်နယ် ၊ထိုင်းကလပ်အသင်းမှာ ဗိုလ်လုပွဲအဆင့်တို့မှာကစားရမည်ဖြစ်သည်။ပြိုင်ပွဲကို ၂၀၁၅ ခုနှစ်အတိုင်း ကျင်းပခြင်းဖြစ်ပြီး ဗိုလ်လုပွဲကို နှစ်ကျော့ကျင်းပခြင်းသာပြောင်းလဲခဲ့သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည်အဆိုပါပြိုင်ပွဲကို ၂၀၁၆ MNL အမှတ်ပေးပြိုင်ပွဲတွင် ဗိုလ်စွဲသည့်အသင်းကို စေလွှတ်မည်ဖြစ်ပြီး ယင်းအသင်းမယှဉ်ပြိုင်နိုင်မှသာ ရှုံး /ထွက် ချန်ပီယံအသင်း သို့မဟုတ် အမှတ်ပေးပြိုင်ပွဲ၌ ဒုတိာဆုရရှိသည့် အသင်းကို ယှဉ်ပြိုင်စေမည်ဖြစ်သည်။မြန်မာကလပ်အသင်းများဖြစ်သည့် ဧရာဝတီအသင်းမှာ ၂၀၁၄ပြိုင်ပွဲ၌ ဒုတိယရရှိခဲ့ပြီး ၂၀၁၅ ပြိုင်ပွဲတွင် ရန်ကုန်အသင်းမှာပထမအဆင့်မှ ထွက်ခဲ့ရသည်။

မဲခေါင်တိုယိုတာဖားပြိုင်ပွဲကို ၂၀၁၄ခုနှစ်ကစတင်ကျင်းပခဲ့ပြီး ပထမအကြိမ်တွင် ထိုင်းအသင်းမပါဝင်ဘဲ အသင်းလေးသင်းဖြင့်ကျင်းပခဲ့ သည်။မြန်မာကိုယ်စားပြုကလပ် ဧရာဝတီအသင်းမှာ ဗိုလ်လုပွဲအဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီး ဗီယက်နမ်ကလပ် ဘန်ဒေါင်းအသင်းကို ရှုံးနိမ့်ခဲ့သောကြောင့် ဒုတိယနေရာဖြင့်သာ ကျေနပ်ခဲ့ရခြင်းဖြစ်သည်။

၂၀၁၅ပြိုင်ပွဲတွင် ထိုင်းကလပ်ပါဝင်လာခဲ့ပြီး ပြိုင်ပွဲကျင်းပသည့် ပုံစံပြောင်းလဲခဲ့သည်။မြန်မာကလပ်ရန်ကုန်အသင်းမှာ အိမ်ကွင်းတွင် လာအိုကလပ် လာအိုတိုယိုတာအသင်းကို ၅ ဂိုး - ၂ ဂိုးဖြင့်အနိုင်ရခဲ့သော်လည်း ကမ္ဘောဒီးယားကလပ် အန်ကောအသင်းကို အဝေးကွင်းတွင် သုံးဂိုးပြတ်ရှုံးနိမ့်ခဲ့သောကြောင့် ဆီမီးဖိုင်နယ်နှင့်လွဲချော်ခဲ့ရသည်။ဗိုလ်လုပွဲတွင် ထိုင်းကလပ် ဘူရီရမ်အသင်းက ကမ္ဘောဒီးယားကလပ် အန်ကောအသင်းကို ၁ဂိုး - ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။

 

U Myo Thant




<< Back Other World Cup Football News


Advertisement
Here