Serie-A News

ဆီမီးတက်သော ပဲလေ့စ်

Mar 12 , 2016

FA ဖလားကွာတားဖိုင်နယ် ပထမပွဲစဉ်အဖြစ် ရီးဒင်းနှင့် ခရစ္စတယ်ပဲလေ့စ်တို့ ယှဉ်ပြိုင်ကစားကြရာ ပဲလေ့စ်က ၂ ဂိုးပြတ်ဖြင့်အနိုင်ရပြီး ၂၁နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားပြီဖြစ်သည်။

ပဲလေ့စ်အသင်းမှာ ၂၀၁၆ခုနှစ်အတွင်း ပရီးမီးယားပြိုင်ပွဲများတွင် နိုင်ပွဲမရှိခဲ့သော်လည်း FA ဖလားပွဲတွင် စပါးကိုအဝေးကွင်း တွင် နိုင်ကာ ကွာတားတက်ခဲ့ပြီး အဝေးကွင်းမှာပင် ယခုကဲ့သို့ထပ်မံအနိုင်ရခဲ့ခြင်းဖြစ်သည်။

ယခုပွဲစဉ်တွင် ရီးဒင်းမှ ကူးပါးမှာ ပဲလေ့စ်မှ ဘိုလာစီ အပေါ်အ၀င်ကြမ်းခဲ့သဖြင့်  ၂၀ါ ၁နီနှင့်ထွက်ခဲ့ရပြီး ယင်းပြစ်ဒဏ်မှ ရရှိသော ပင်နယ်တီ ကို ကာဘာရီက သွင်းယူခဲ့ကာ နာကျင်အချိန်ပိုတွင် ကမ့်ဘဲလ်က နောက်တစ်ဂိုးသွင်းခဲ့ခြင်းဖြစ်သည်။

ပဲလေ့စ်နည်းပြ ပါဂျုးမှာ နည်းပြဘ၀အစပိုင်းတွင် ရီးဒင်းကိုတန်းတက်ခွင့်ရရန် ဦးဆောင်ပေးခဲ့ဘူးသူဖြစ်သည်။

၂၀၁၅ နှစ်ကုန်ပိုင်းတွင် မန်ယူ၏အထက် အဆင့် (၅)တွင် ရပ်တည်ခဲ့ဘူးသော ပဲလေ့စ်မှာ လက်ရှိအချိန်တွင် အဆင့် (၁၅)သို့ ရောက်နေပြီး တန်းဆင်းအဆင့် နှင့် ၉မှတ်အကွာတွင် ရှိနေသည်။

U Myo Thant




<< Back Serie-A News


Advertisement
Here