Serie-A News

အီဘရာဟင်မိုဗစ်ကို မန်ယူခေါ်လို

Mar 12 , 2016

PSGနှင့် စာချုပ်သက်တမ်းပြည့်တော့မည့် တိုက်စစ်မှုး အီဘရာဟင်မိုဗစ်ကို ခေါ်ယူလိုသော ကလပ်များထဲတွင် မန်ယူလည်း ပါဝင် လာပြီဖြစ်သည်။

ယခုနှစ်အတွင်း အသက် ၃၅ နှစ်ပြည့်မည့် အီဘရာဟင်မိုဗစ်မှ ၁၉၉၉ တွင်ကစားသမားကို မဲလ်မိုအသင်းနှင့် စတင်ခဲ့ပြီး ၂၀၀၁ မှ ၂၀၀၄ အထိ အေဂျက် ၊ ၂၀၀၄ မှ ၂၀၀၆ အထိ ဂျူဗင်တပ် ၊ ၂၀၀၆ မှ ၂၀၀၉ အထိ အင်တာ ၊ ၂၀၀၉ မှ ၂၀၁၁ အထိအထိ ဘာစီလိုနာ ၊ ၂၀၁၁ မှ ၂၀၁၂ အထိ မီလန်တို့တွင် ကစားခဲ့ကာ ၂၀၁၂ တွင် PSG သို့ပြောင်းရွှေ့ခဲ့သူဖြစ်သည်။

ယခုရာသီတွင် PSG အတွက် ၂၇ဂိုးသွင်းပေးထားသော အီဘရာဟင်မိုဗစ်မှာ ချန်ပီယံလိဂ်ရှုံး ထွက်အဆင့်အဖြစ် ချဲလ်ဆီးနှင့်ကစားရသော ပွဲများတွင် နှစ်ကျော့လုံး ဂိုးသွင်းယူနိုင်ခဲ့သူဖြစ်သည်။

သူ့ကို မန်ယူနှင့်အတူ ၀က်စ်ဟမ်း နှင့်အသင်းဟောင်း မီလန်တို့ကလည်း ခေါ်ယူလိုနေကြောင်း  သိရသည်။

U Myo Thant




<< Back Serie-A News


Advertisement
Here