Serie-A News

ပေးဂိုးမရှိစံချိန်နှင့် ဂျူဗင်တပ်

Mar 12 , 2016

စီးရီးအေအား ဦးဆောင်နေသော ဂျူဗင်တပ်အသင်းမှာ ယမန်နေ့က ဆက်ဆူအိုလိုနှင့်ပွဲတွင် ၁းဝနှင့်နိုင်ခဲ့သကဲ့သို့ ပေးဂိုးမရှိသည့် ပွဲမှာ ၁၀ ပွဲဆက်တိုက်ရှိနေပြီးဖြစ်သည်။

ဇန်န၀ါရီ ၁၁နေ့ ဆမ်ဒိုးရီးယားနှင့် ကစားရသည့် အဝေးကွင်းပွဲတွင် ၁ ဂိုးပေးခဲ့ရပြီး နောက်ပိုင်းမှစ၍ ပေးဂိုးမရှိတော့ခြင်းဖြစ်သည်။

ထို့အပြင် ဂျူဗင်တပ်မှာ အောက်တိုဘာ ၂၉ ရက်က ဆက်ဆူအိုလိုကို ၁းဝနှင့်ရှုံးခဲ့သည့်နောက်ပိုင်း ကစားခဲ့သည့် စီးရီးအေပွဲ ၁၉ ပွဲတွင် နိုင်ပွဲ ၁၈ ပွဲနှင့် သရေ ၁ပွဲရအောင် ကစားထားနိုင်ခဲ့သည်။

ထို့အပြင် ယခု ၂၀၁၅ - ၁၆ ရာသီ ၂၉ ပွဲကစားပြီးချိန်တွင် ပေးဂိုး ၁၅ ဂိုးသာရှိခဲ့သော အသင်းဖြစ်သည်။

ယခုကဲ့သို့ ၁၀ ပွဲဆက်တိုက် ပေးဂိုးမရှိခြင်းမှာ စီးရီးအေတွင် စံချိန်သစ်တစ်ခုဖြစ်ပြီး ဂိုးသမား ဘူဖွန်အတွက် ဂိုးမပေးရသည့် ပွဲကစားချိန်မှာ ၉၂၆မိနစ်ရှိခဲ့ပြီဖြစ်သည်။

ဂိုးမပေးရသည့်ပွဲကစားချိန်အများဆုံးကို တင်ထားသည့်မှာ ဂိုးသမားရော့စီက ၁၉၉၄ တွင် ၉၂၉ မိနစ်ဖြင့် စံချိန်တင်ထားခြင်းဖြစ်၍ ဘူဖွန်အနေနှင့်လာမည့် တိုရီနိုနှင့် ပွဲတွင် ပွဲစပြီး ၄ မိနစ်အတွင်း ဂိုးမပေးရခဲ့ပါက ၉၃၀ မိနစ်ဖြင့် စံချိန်သစ် တင်နိုင်ဦးမည်ဖြစ်သည်။

 

U Myo Thant




<< Back Serie-A News


Advertisement
Here