Serie-A News

လေ့ကျင့်ရေးစတဲ့ ဘင်နီတက်ဇ်

Mar 12 , 2016

နယူးကာဆယ်နည်းပြသစ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရပြိဖြစ်သော ဘင်နီတက်ဇ်မှ အသင်းသို့ရောက်လာပြီး တစ်နာရီခွဲအတွင်းမှာပင် ပထမ ဆုံးလေ့ကျင့်ရေး အစီအစဉ်ကိုစတင်ခဲ့သည်။

အသင်းနှင့် ၃နှစ် စာချုပ်ချုပဆိုသော ဘင်နီတက်ဇ်မှလာမည့် တနင်္လာနေ့ဇယားထိပ်မှ လက်စတာနှင့်ကစားရမည့် ပွဲအတွက် ရလဒ်ကောင်းစေရန် ရောက်လာသည့်နေ့မှပင် အသင်းသားများကိုလေ့ကျင့်ရေးဆင်းစေခဲ့ခြင်းဖြစ်သည်။

လီဗာပူး ၊ ရီးရဲလ်စသော အသင်းကြီးများကိုတာဝန်ယူခဲ့ဘူးသူ ဘင်နီတက်ဇ်မှာ နောက်ဆုံး ၃ ပွဲလုံး ရှုံးထားပြီးအဆင့် (၁၉)ရောက်နေသော နယူးကာဆယ်ကို လက်ကျန်ပွဲစဉ်များတွင် ကယ်တင်ရတော့မည်ဖြစ်သည်။

အသင်းအနေနှင့် တန်းဆင်းဇုန်လွတ်သောနေရာနှင့် ၁ မှတ်သာကွာဟနေခြင်းကြောင့် ရလဒ်ကောင်းများရရှိလာသည့်နှင့် တန်းဆင်းဇုန်မှ လွတ်မြောက်နိုင်မည့် အနေအထားဖြစ်ပြီး မိမိအနေနှင့်အသင်းကို အကောင်းဆုံးကိုင်တွယ်နိုင်မည်ဟု ယုံကြည်ကြောင်း ဘင်နီတက်ဇ် က ပြောဆိုသွားခဲ့သည်။

U Myo Thant




<< Back Serie-A News


Advertisement
Here