La-liga News

ဖလားလက်မဲ့ အာဆင်နယ်

Mar 14 , 2016

လက်ရှိချန်ပီယံအာဆင်နယ်အသင်းမှာ FAဖလား ကွာတားဖိုင်နယ်တွင် ၀တ်ဖို့ဒ်ကို မမျှော်လင့်ပဲ ရှုံးနိမ့်သွားခဲ့ခြင်းကြောင့်  ဖလားလက်မဲ့ ရာသီတစ်ခုဖြစ်လာရန် သေချာသလောက်ရှိနေပြီးဖြစ်သည်။

FAဖလားပွဲမှ ထွက်ခဲ့ရသော အာဆင်နယ်မှာနောက်ထပ်ဖလားပွဲ တစ်ခုဖြစ်သော ချန်ပီယံလိဂ်၌ ဘာစီလိုနာကို ပထမအကျော့အိမ်ကွင်းတွင် ၂ ဂိုးပြတ်ဖြင့် ရှုံးထားခဲ့ခြင်းကြောင့် ဒုတိယအကျော့ဘာစီလိုနာကွင်းတွင် ၃ ဂိုးပြတ်ဖြင့် နိုင်ရေးမှာဖြစ်မလာနိုင်ဟု အားလုံးကယူဆ ထားကြပြီး ပရီးမီးယားလိဂ်တွင်လည်း ဇယားထိပ်နှင့် ၈ မှတ် ၊တစ်ပွဲပို စပါး နှင့် ၆မှတ်ကွာဟနေသောကြောင့် အမှတ်ပေးချန်ပီယံဖြစ်ရေး မှာလည်း လွယ်ကူလိမ့်မည်မဟုတ်ပေ။

ဝတ်ဖို့ဒ်နှင့်ပွဲစဉ်တွင် ၀တ်ဖို့ဒ်က ဂိုးသွင်းရန် အခွင့်အရေး ၇ ကြိမ်တွင် ၂ ကြိမ်ဂိုးပေါက်တည့်ကာ ဂိုးရရှိခဲ့ပြီး အကြိမ် ၂၀ ကန်ခွင့်ရကာ ၄ ကြိမ် ဂိုးပေါက်တည့်ခဲ့သော အာဆင်နယ်မှာတစ်ဂိုးသာရရှိခဲ့သည်။

အာဆင်နယ်အနေနှင့် FAဖလားပွဲတွင် နောက်ဆုံးရှုံးခဲ့သည်မှာ၂၀၁၃ ဖေဖော်ဝါရီလတွင်ဖြစ်ပြီး ပြိုင်ပွဲအားလုံးအတွက် အိမ်ကွင်း ၃ပွဲ ဆက်ရှုံးခဲ့သည့်မှာ ၂၀၀၂ နိုဝင်ဘာနောက်ဆုံးပိုင်းတွင် ပထမဆုံးပင်ဖြစ်သည်။

ဝတ်ဖို့ဒ်မှာလည်း ၁၉၈၈ ဧပြီလမှစ၍ အာဆင်နယ်ကိုယခုပွဲတွင်သာ ပြန်လည် အနိုင်ရခဲ့ခြင်းဖြစ်သည်။

U Myo Thant




<< Back La-liga News


Advertisement
Here