La-liga News

အလေးသာသွားတဲ့ ၀က်စ်ဟမ်း

Mar 14 , 2016

FAဖလားပြန်ကန်ပွဲစဉ်ကို အိမ်ကွင်းတွင်ကစားရမည်ဖြစ်၍ မိမိတို့မှ အလေးသာနေပြီဖြစ်ကြောင်း ၀က်စ်ဟမ်းနည်းပြ ဘီလစ် ကပြော ဆိုလိုက်သည်။

ဝက်စ်ဟမ်းအသင်းမှာ FAဖလားကွာတားဖိုင်နယ်အဖြစ် အိုးလ်ထရစ်ဖို့ဒ်တွင် မန်ယူနှင့်ကစားရာ၌ ၁ ဂိုးစီ သရေကျခဲ့သောကြောင့် အိမ်ကွင်း တွင် ပြန်ကစားရမည်ဖြစ်သည်။

ဘီလစ်က အခုလာမည့်ပွဲဟာ ခက်ခဲပြင်းထန်တဲ့ ပြိုင်ပွဲတစ်ပွဲဖြစ်လာမှပါ။ဒါပေမဲ့ ကျနော်ကျေနပ်တာက ကျနော်တို့ဟာအိမ်ကွင်းမှာ ယုံကြည် မှုပိုရှိမှာဖြစ်သလို မန်ယူဟာအဝေးကွင်းမှာ ယုံကြည်မှုပျောက်ဆုံးတက်တဲ့အသင်းမျိုးမို့ပါ ဟုပြောဆိုသွားခဲ့သည်။

အဆိုပါပွဲစဉ်တွင် မန်ယူမှာ ဟာရားရားကန်လိုက်သော ဘောလုံးမှာ ၀က်စ်ဟမ်းမှ ၀င်စတန်ရိဒ်လက်နှင့်ထိသွားခဲ့သော်လည်း ပင်နယ်တီ မရခဲ့သကဲ့သို့ ၀က်စ်ဟမ်းမှ ပါယက်မှာ မန်ယူမှ ရိုဂျိုကြောင့် ပင်နယ်တီဧရိယာအတွင်း လဲကျသွားသော်လည်း ပင်နယ်တီမပေးခဲ့ပေ။

မန်ယူအသင်းမှာလာမည့် ပွဲများတွင် ပွဲကျပ်များရှိနေပြီး လီဗာပူးနှင့် ယူရိုပါလိဂ်ပွဲ ၊ မန်စီးတီး ၊ အဲဗာတန် ၊ စပါးတို့နှင့် ပရီးမီးယားပွဲများ ဆက်တိုက်ကစားရဦးမည်ဖြစ်ကာ ၀က်စ်ဟမ်းမှာ ချဲလ်ဆီး ၊ ပဲလေ့စ် ၊ အာဆင်နယ် ၊ လက်စတာတို့နှင့် ပရီးမီးယားပွဲများ ကစားရဦးမည်ဖြစ်သည်။

U Myo Thant




<< Back La-liga News


Advertisement
Here