Bundesliga News

ဒေါ့မွန်ပရိသတ် ကွင်းအတွင်းကွယ်လွန်

Mar 14 , 2016

မင့်ဇ်နှင့်ကစားခဲ့သော တနင်္ဂနွေနေ့ ဘွန်ဒစ်လီဂါပွဲစဉ်တွင် ဒေါ့မွန်ပရိသတ်တစ်ဦးမှာ နှလုံးရောဂါကြောင့် ကွင်းအတွင်း ကွယ်လွန်သွားခဲ့ပြီး အခြားတစ်ဦးကိုလည်းဆေးရုံသို့တင်ပို့လိုက်ရကြောင်း  သိရသည်။

ကွင်း၏အနောက်တောင်ဘက်ခြမ်းပွဲကြည့်စင်တွင် ထိုင်ကာအားပေးနေသော အသက် ၈၀ အရွယ် ပရိသတ်မှ နှလုံးရောဂါအခံရှိသူဖြစ်ပြီး အားပေးနေစဉ်မှာပင် ကွယ်လွန်သွားခဲ့သည်ဟု ဆိုသည်။

ပွဲချိန်ပထမပိုင်းမှာပင်ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ဒုတိယပိုင်းပြန်အစတွင် ကစားသမားများနှင့် ပရိသတ်များက ထိုကွယ်လွန်သူအတွက် တစ်မိနစ်ငြိမ်သက်၍ ၀မ်းနည်းကြေကွဲမှုကိုဖော်ပြခဲ့ကြသည်။

ပွဲချိန် ၇၃ မိနစ်တွင် ကာဂါဝါက ဒေါ့မွန်အတွက် ဂိုးသွင်းယူပေးခဲ့သော်လည်း ကွယ်လွန်သွားသည့် ပရိသတ်အတွက် ၀မ်းနည်းမှုကိုပြသသည့် အနေနှင့် အောင်ပွဲခံမှုမပြုလုပ်ခဲ့ပေ။

ယခုနိုင်ပွဲကြောင့် ဒေါ့မွန်မှာ ဘိုင်ယန်နှင့် ၅ မှတ်အကွာမှ ကပ်လိုက်နေဆဲဖြစ်သည်။

U Myo Thant




<< Back Bundesliga News


Advertisement
Here