Bundesliga News

ချန်ပီယံဖြစ်သွားသော PSG

Mar 14 , 2016

ပြင်သစ်လိဂ်ဝမ်းတွင် အမှတ်ပေးပြိုင်ပွဲများပြီးဆုံးရန် ၈ ပွဲကျန်နေသေးသော်လည်း လက်ရှိချန်ပီယံ PSG မှာ အနီးဆုံးပြိုင်ဘက်ကို ၂၅မှတ်ဖြတ်ထားနိုင်ခဲ့ပြီးဖြစ်၍ ချန်ပီယံဆုကို ကြိုတင်ရရှိသွားပြီဖြစ်သည်။

ယမန်နေ့က ကစားခဲ့သောပွဲတွင် PSG မှာ အဝေးကွင်းတွင် အမှတ်ပေးဇယားအောက်ဆုံးမှ ထရွိုင်ယက်စ်ကို ၉ ဂိုးပြတ်ဖြင့်နိုင်ပြီး ချန်ပီယံဖြစ်ခဲ့ခြင်းဖြစ်သည်။

ထိုပွဲတွင် ပထမပိုင်း၌ ၃ ဂိုးပြတ်ဖြင့် PSG က နိုင်နေခဲ့ပြီး ဒုတိယပိုင်းတွင် အီဘရာဟင်မိုဗစ်က ၄ ဂိုး ၊ ကာဗာနီက ၁ ဂိုးနှင့် ထရွိုင်ယက်စ်က ကိုယ့်ဂိုးကိုယ်သွင်းသည့် တစ်ဂိုးတို့ဖြင့် PSGအနိုင်ရခဲ့ခြင်းဖြစ်သည်။

အသက် ၃၄ နှစ်ရှိပြီဖြစ်သော အီဘရာဟင်မိုဗစ်မှာ ယခုရာသီကုန်တွင် အသင်းနှင့်စာချုပ်သက်တမ်း ပြည့်မည်ဖြစ်သော်လည်း အသင်း ဥက္ကဋ္ဌ အဲလ်ခီလိုင်ဖီက အီဘရာဟင်မိုဗစ်ကို ဆက်ခေါ်ထားလိုသေးသည်ဟု ဆိုသည်။

ဆွီဒင်သား တိုက်စစ်မှုး အီဘရာဟင်မိုဗစ်ကို မန်ယူအပါအ၀င် ဥရောပအသင်းကြီးများက ခေါ်ယူလိုကြောင်း သတင်းများထွက်ပေါ်နေသဖြင့် လာမည့် ရာသီတွင် အီဘရာဟင်မိုဗစ် မည်သည့်ကလပ်၌ ရှိနေမည်ကို ယတိပြတ်ပြောဆိုနိုင်ခြင်းမရှိသေးပေ။

U Myo Thant




<< Back Bundesliga News


Advertisement
Here